စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ♣ သေခြင်းတရား/ လွမ်းသူ့ပန်းခွေ /အမိန့်ပြန်တမ်း

Sunday, September 25, 2011

♣ သေခြင်းတရား/ လွမ်းသူ့ပန်းခွေ /အမိန့်ပြန်တမ်း

အငွေ့ အသက်လောက်တောင်မကျန်တော့တဲ့
ပြင်းရှရှ ငိုရှိုက်သံတွေအကြားက
ဒဏ်ရာရတေးသွားတစ်ချို့ လတ်ဆတ်စေ....။

လွမ်းသူ့ပန်းခွေတစ်ခု.....
နာရေးကြော်ငြာ....
တမလွန်ဝိညာဉ်ခေါ်ဆိုမှုများ
ဘ၀သစ်မှာ ပျော်ရွှင်နိုင်ကြစေ......။

ရယ်စရာပြက်လုံးတွေကြောင့်
ပရိတ်သတ်ရှေ့မှောက် ဒူးနဲ့မျက်ရည်သုတ်သွားခဲ့ရသော
လူရွှင်တော်တစ်ယောက် အကြောင်း.....။

မခက်ပါဘူးဆိုတာတွေအားလုံး
မလွယ်ကူတာသေချာပါတယ်ဗျာ
မော်ဒန်ကဗျာရေးတာ ရည်းစားစာရေးတာလောက်မှ အားမစိုက်ရတာ....။

နည်းနည်းလောက်လမ်းဖယ်ပေးကြစမ်းပါ
ခဏခဏမတော်တဆထိခိုက်မှုတွေကြောင်
ပြန်ပြန်ကောင်းသွားခဲ့သော ငါ့ရင်ဘတ်ထဲက
အမာရွတ်တစ်ချို့ရဲ့ အက်ကြောင်းများ...။

စကားလုံးအသစ်တွေ မရှာဖွေနိုင်တာတစ်ခုထက်ပိုပြီး
ငါ့ကဗျာတွေ ကာရန်မထပ်စေဖို့
ငါသတိအမြဲရှိနေပါတယ်....။

No comments:

Post a Comment