စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ♣ Mask အုပ်ထားသော မျက်နှာဖုံးများ.........

Thursday, September 29, 2011

♣ Mask အုပ်ထားသော မျက်နှာဖုံးများ.........



အဆိပ်ပင်တွေအားလုံးကို ရေလောင်းပေးထားတယ်

ဆုပ်လည်းစူး စားလည်းရူးတော့ မရည်ရွယ်ခဲ့ပါဘူး
ဘာပဲဖြစ်ဖြစ် ကျနော် စေတနာထားခဲ့ပါတယ်

အတ္တကို မျိုးစေ့ချပြီး ငါ စိုက်ပျိုးခဲ့တယ်
အသီးအရွက်တို့ ဝေေ၀ဆာဆာပွင့်လန်းစေခဲ့ပါတယ်
ရိတ်သိမ်းမှုအကျိုးအမြတ်အတွက် ငါ ဘာခံစားမှုမှ မတပ်ပဲ
ပေးဆပ်ခဲ့တယ်
ငါ့ကိုငါ မုန်းတတ်ခဲ့သလို
အားလုံးကို ချစ်တတ်အောင်ငါသင်ကြားပစ်လိုက်တယ်

တကယ်တော့
ဒုက္ခဆိုတဲ့ ပုစ္ဆာတွေကြားကရှုပ်ထွေးသော
လောကလူသားကမ္ဘာကိုပဲ
ကျနော် တစ်ချက်တစ်ချက် စိတ်ပျက်မိတာပါ.....။

မှတ်ချက်။ ။ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းသော ဘ၀ကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ....။






No comments:

Post a Comment