စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ရန်ကုန်မြင်ကွင်းကျယ်....(မော်ဒန်ကဗျာ)

Tuesday, July 31, 2012

ရန်ကုန်မြင်ကွင်းကျယ်....(မော်ဒန်ကဗျာ)

မာနတရားကို အလှတရားကဦးညွတ်
သေခြင်းနောက်ကွယ်က အရိုးစုတွေပဲ ငါမြင်တယ်
ငါသူတပါး ယောက်ျား မိန်းမတွေနဲ့ လောကက
သူမရှိ ငါမရှိတွေနဲ့  ပြည့်နှက်နေလေရဲ့.....
ဂုဏ်တွေငွေတွေနောက်
တကောက်ကောက်လိုက်တတ်ကြသော
လူသားများရဲ့ နောက်ကအမှားများအောက်က
ချိုမြိန်ခြင်းတွေတော့ ငါမစားသုံးပါရစေနဲ့ .....
အမည်းရောင်ကို အမှောင်ဖုံးထားခြင်းကိုတော့
ဘာမှမမြင်ရခြင်း အဘိဓာန်မှာလှန်ရှာကြည့်ကြပေါ့
ကျနော်ကတော့ မော်ဒန်ဆန်နေတာကိုပဲ ကြိုက်တာ.....
ကျနော့်တို့ နေထိုင်သောကမ္ဘာကြီးအတွက်
ကျနော်ဟာ.........
အုတ်တစ်ချပ်စာ သဲတစ်ပွင့်ပမာဏလောက် ဖြစ်နေရင်တောင်
ကျနော်ရှင်သန်နေထိုင်ခြင်းဟာလည်း
ကမ္ဘာမြေအတွက်သက်သက်ပဲ ဖြစ်ရပါလိမ့်မယ်ဗျာ.....။

မှတ်ချက်။        ။ tag = မော်ဒန်ကဗျာသာ ဖြစ်ပါသည်.....။
   

No comments:

Post a Comment