စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ♣ လရောင်ဖြင့် အလင်းဆွတ်ပျံ့ စေခဲ့သော ညချမ်းများသို့ ....//

Tuesday, October 18, 2011

♣ လရောင်ဖြင့် အလင်းဆွတ်ပျံ့ စေခဲ့သော ညချမ်းများသို့ ....//




ခရောင်းလမ်းအတွက်

ဆူးခင်းထားသော
ညနက်နက် နှင်းဆီဆူးခက်တွေက
ငါ့ကို ပွေ့ ဖက်အနမ်းနဲ့
နှစ်သိမ့်ပေးခဲ့ကြပါတယ် ညနေ.........
မြေပုံပေါ်ကနေ့စွဲတွေလည်း
အပိုင်းပိုင်း ကျိုးပြတ်ခဲ့တယ်
အရောင်တွေနဲ့ ဆေးခြယ်ခြင်းတရားကိုလည်း
ဘ၀အတွက် မေ့ဆေးအဖြစ် ငါယူသုံးခဲ့တယ်

တစ်ခါတစ်ရံမှာတော့.......
ငါပြောခဲ့သော
ငါ့စကားလုံးတွေနဲ့ ငါဆန့်ကျင်ဘက်လားရာကို
ဦးတည် ခရီးထွက်တတ်ပါတယ်


digital တွေ analog စနစ်တွေကြောင့်

3d ပန်းချီကားလည်း
ရုပ်လုံးမကြွတော့ဘူး

ကိန္ဒရီ ကိန္ဒရာအတွက်တော့

နှစ်တစ်ရာ calendar လေးပေးပြီး
အလွမ်းဖြေခိုင်းခဲ့တယ်

internet ပေါ်မှာ ကဗျာရေးကြသူအားလုံးကိုတော့

ကျနော်လေးစားအပ်တယ်......

ဆက်ရေးတိုင်း မဆုံးနိုင်သော

ကဗျာတွေကိုတော့
ချစ်သူအတွက်
ငါမဖွဲ့ အပ်တော့ဘူး.....

စက္ခုအလင်းကြောင့်ပဲ
ငါ့မျက်လုံးတွေကို

ငါကိုယ်တိုင် ထိုးဖောက်ပစ်ချင်နေပြီ

အာရုံ ခြောက်ပါးကြောင့်လည်း
ကိလေသာတို့ မချုပ်ငြိမ်းခဲ့ရာ
တွေးခေါ်စရာဦးနှောက်ကြောင့်လည်း
နှလုံးသွေးကြောတို့ ပြောင်းပြန်စီးဆင်းစေခဲ့တယ်

နိဂုံးဆိုတာလည်း

အဆုံးသတ်မမှားဖို့ သတိပေးနေသာ
အချက်ပြ ဆောင်ပုဒ်တစ်ခုပါပဲ
ဘာပဲဖြစ်ဖြစ် နိဒါန်းအတွက်လည်း
စဦးပေးဆပ်မှုဖြစ်သော ပဏာမလုပ်ရပ်တွေက အရေးကြီးနေပြန်ရော.......။

No comments:

Post a Comment