စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ♣ မရယ်ရ မငိုရ လောက..........

Friday, October 7, 2011

♣ မရယ်ရ မငိုရ လောက..........

http://d21c.com/walpurgis9/happies/faces/065.gif

ခုနှစ်ခါလဲကျခြင်းအတွက်
ရှစ်ခါပြန်ထခြင်းတွေ
ငါ့အတွက် နောက်ကျပါစေ

မကူညီချင်နေပါ.......
မကဲ့ရဲ့ကြပါနဲ့လောကရဲ့မာယာ
သင်ခန်းစာမပါပါ

ပါးစပ်နှစ်ပေါက်ရှိသူတွေရဲ့
နှုတ်ဖျားကစကား
ဘယ်တော့မှ မချိုသာစေရဘူး

လောကဓံကြောင့်လည်း
နှစ်ခါမသေစေရဘူး

အရေးကြီးတာ နောက်ဆုံးတစ်နေ့ဖြစ်သော
ငါ့နာမည်ကိုသဂြုင်္ဟ်တဲ့နေ့မှာတောင်
ငါ့ဟာ မလွင့်ပျယ်မပျောက်ကွယ်သော
မဆုံးသောတေးသွားတစ်ပုဒ်နဲ့
နှုတ်မဆက်ခြင်း ငါ့ရဲ့သီချင်းတွေကို
နောက်ကမ္ဘာအတွက်ချန်ထားပေးခဲ့ ဦးမှာပါ..........။

http://d21c.com/walpurgis9/happies/faces/004.gif

No comments:

Post a Comment