
ဧရာဝတီကို သွန်မှောက်ပစ်လိုက်ပါ
ပင်လယ်ရေ ဘယ်သူသောက်သောက် မကုန်နိုင်ဘူးဆို
ဂေဟစနစ်ရဲ့ ပျက်သုဉ်းနမှု တရားခံက
ဘယ်သူလဲ?
ကမ္ဘာကြီးကို ကယ်တင်ဖို့ မကြိုးစားပါနဲ့
ဖြစ်ချိန်တန်လို့လည်း အရာရာကို ဖြစ်ပေးခဲ့ပြီးပြီ
သားကောင်တွေကို ချမနင်းခဲ့ရင်လည်း
လူသားတွေ တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ပြောကြလိမ့်ဦးမယ်နော်
အမေကျော် ဒွေးတော်လွမ်းနေခြင်းကတော့
ပေးဆပ်သူတွေ အတွက်ခံရခက်ခက်ပါပဲ
ကျနော်လည်းမကြောက်တတ်ခဲ့တော့ဘူး
ခင်ဗျားတို့အားလုံးရဲ့သွေးတွေရဲကြပါစေ
ဘယ်သူတွေဘာပဲပြောပြော
ကမ္ဘာကြီးကတော့ ကျနော်လိုပဲ
လုပ်စရာရှိတာ လုပ်ပေးခဲ့ပြီးပြီ
ပေးစရာရှိတာပေးခဲ့ပြီးပြီင်္
ယူစရာရှိတာ ယူခဲ့ပြီးပြီ
ဘာမှထပ် မကျန်တော့ဘူးထင်ပါတယ်......။
မှတ်ချက် ။ ။ save our earth ကို သရော်စာဆန်ဆန် မော်ဒန်ကဗျာ ရေးဖွဲ့ပါသည်
သာယာလှပသော ကမ္ဘာမြေလောကကို အနာဂတ်မှာ လူသားတိုင်းတာဝန်ရှိစွာ
ပုံဖော်ထုဆစ်နိုင်ပါစေကြောင်း....။

♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com
No comments:
Post a Comment