
အတိတ်ကို ခဏထားခဲ့မယ်
ပစ္စုပ္ပန်အတွက် အနာဂတ်ဖိနပ်တစ်ရံငါစီးပြီး
ခရီးထွက်ခဲ့တယ်
ဘာလက်နက်မှ မယူခဲ့ချင်ပါဘူး
မေတ္တာက လွဲလို့ပေါ့
တေလေတစ်ယောက်ရဲ့
gipsy ဆန်ဆန်ညနေတွေအကြောင်းတော့
ငါမပြောပြခဲ့တော့ပါဘူး
ငါ့ အိမ်အပြန်ကို အမေလည်း မျှော်နေလောက်ရော့ပေါ့
နေ့ရက် နာရီ ပြက္ခဒိန် အချိန်တွေက
သံသရာဆန်ဆန်လှည့်ပတ်နေကြတယ်
ကျင်လည်နေရသော လောကက ပိုသိပါလိမ့်မယ်
ရိုမန်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေကို
ငါမခံစားတတ်တော့ဘူး
titanic နဲ့ ရိုမီရို ဂျူးလိယက်ကတော့
အင်မတန်သနားစဖွယ် ကောင်းနေမှာပါ
ငါလည်း ချစ်တတ်ခဲ့တာပဲလေ
ဘာပဲဖြစ်ဖြစ်ငါ တွေဝေမနေတတ်ခဲ့တော့ဘူး
နည်းနည်းစဉ်းစားတတ်လာတယ်
များများပြောဖို့ ခက်ခဲလာခဲ့တယ်
ဘ၀ကပေးလိုက်တဲ့ ပညာတွေကို
ငါတန်ဖိုးမထားတတ်ခဲ့ဘူး
ဘာပဲဖြစ်ဖြစ် အားတစ်ခုလောက်တော့
ငါလိုချင်မိတယ်
အရာအားလုံးကိုဖောက်ထွင်းနိုင်လောက်တဲ့
စွမ်းအင်မျိုးတော့ မဟုတ်ပါဘူး....။
မှတ်ချက်။ ။ tags = မော်ဒန်ကဗျာ
လက်တန်းရေးရာ ကျနော့်မှာ ရေးရင်းနှင့်ပင် စက်ချို့ယွင်းမှု ခဏတာမှာ
ကာရန်များ နည်းနည်း ပြောင်းလဲသွားခဲ့ရပါကြောင်း....။
♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com
No comments:
Post a Comment