စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ♣ ခေတ်ပေါ်ကဗျာ သို့ .......

Friday, September 30, 2011

♣ ခေတ်ပေါ်ကဗျာ သို့ .......


 
ပစ်မှတ် မသိသေးတဲ့ သားကောင်အတွက်
မုဆိုးက ဒူးထောက်ပေးနေတယ်
တောက လည်း နက်သထက် နက်လာတယ်


စင်္ကြံ လျောက်တာပဲဗျာ
ဘယ်ပေါ်က လျောက်လျောက်ပေါ့
ရောက်ဖို့ အဓိကပဲ မဟုတ်လား?
တရားသော စစ်မှန်သမျှ တိုက်ပွဲကြောင်ဖြစ်ရတာပါလို့ ခပ်ညံ့ညံ့ ယူဆမတွက်ချက်တော့ပါဘူး
သူများတွေအပေါ် နင်းချေဖြတ်တက်မသွားတာထက် စာရင် တော်ပါသေးတယ်လို့ ပြောရတော့မှာပေါ့



အမှန်မသိသေးတဲ့ အမှားတရားက

သူ့ကိုယ်သူလမ်းပြပြီး သုညလိုခရီးဆက်ခဲ့တယ်
အမှားတရား ကို လူတွေဘာကြောင့် မလိုလားစွာ မုန်းတီးနေခဲ့ကြတာလဲ
ဘာပဲဖြစ်ဖြစ် အမှားတရားဆိုတာ အမှန်အတွက်ပေးဆပ်ရတဲ့ အတွက် သူက ပိုကြီးမြတ်နေတာကို
လူတွေ ခုထိမသိသေးကြသေးတာပါ



ကြက်ခြေခတ်တွေနဲ့ ရေးထားတဲ့ ကဗျာတွေကတော့

ခင်ဗျားတို့ အတွက် မဟုတ်ပါဘူး
ဘာသာစကားအတွက် မခက်ခဲစေချင်လို့
နောက်တစ်ချက်က ....
ဒါဟာ နောင်လာနောက်သား ကောင်းစားရေးအတွက်
ကျနော့်ရဲ့ .....................................................................


နောက် တစ်ကမ္ဘာအတွက်ကတော့......
အတွေးအခေါ်အတွက်ပဲ သင်ကြားလေ့ကျင့်ပေးကြပါ
အရေးကြီးတာတွေကို ခဏခဏ မေ့ပစ်ပေးကြစမ်းပါ
မလုပ်သင့်တာမှန်သမျှလုပ်ပစ်ကြပါ
ကဗျာဆိုသော ဝေါဟာရကို လည်းပယ်ဖျောက်ပစ်ပေးလိုက်ကြစမ်းပါ.....ဗျာ.......။












No comments:

Post a Comment