အခန်းအပူချိန်(အနုတ်)သုညဒီဂရီဆဲဆီးရပ်အောက်အရောက်မှာ
ကိုယ်ကျင့်တရားတို့  အေးခဲပျောက်ပျက်ကြရတယ်
ဝန်ရိုးစွန်းတေးသွားတစ်ပုဒ်ကိုတော့
ဝက်ဝံတစ်ကောင်ကို အဆိုခိုင်းခဲ့တယ်
နေမ၀င်အင်ပါရာအတွက် အသက်စွန့် တိုက်ခိုက်ခဲ့သော
သူရဲကောင်းတွေရဲ့ သမိုင်းမှတ်တိုင်မှာ
သံယောဇဉ် လက်ကျန်ရှင်းတမ်းတွေ မပါရှိစေရပါဘူး....
နာရေးကူညီမှုအသင်း(ကျော်သူ)၊ ဒေါ်အောင်ဆန်းစုကြည် ၊
ဗုဒ္ဓ ၊ မာသာထရီဆာ ၊ ငြိမ်းချမ်းရေးငှက်တောင်ပံခတ်သံနှင့်
မေတ္တာတရားခေါင်းပါးကြသူများ....
အဆိုးထဲက အကောင်း
အကျိုးထဲက အကြောင်း
တစ်ယောက်တည်းအထီးကျန်တယ်လို့
ခပ်ညံ့ညံ့ရေးစပ်တတ်တဲ့ တေးရေးဆရာလောက်
ကျနော်အမြင်ကတ်တာ လောကမှာဘာမှမရှိဘူး
Hip Hop ဆိုပြီး ညှစ်ညှစ်အော်နေသော
Rapper (ခ) .........တွေကိုလည်း
ကျနော် မလေးစားတတ်တော့ဘူး
တောင်းတစ်လုံးပြည့်အောင်ဖြိုထည့်လိုက်ခြင်းသည်သာ
လိုအင်ဆန္ဒမှန်သမျှ လောက်ငှခြင်းနဲ့ မဆန့်ကျင်ရာကျပါသည်......