စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: 05/01/2012 - 06/01/2012

Thursday, May 17, 2012

♣ မုဆိုးအလွင့် ငှက်အတင့်.........




အခန်းအပူချိန်(အနုတ်)သုညဒီဂရီဆဲဆီးရပ်အောက်အရောက်မှာ
ကိုယ်ကျင့်တရားတို့  အေးခဲပျောက်ပျက်ကြရတယ်
ဝန်ရိုးစွန်းတေးသွားတစ်ပုဒ်ကိုတော့

ဝက်ဝံတစ်ကောင်ကို အဆိုခိုင်းခဲ့တယ်
နေမ၀င်အင်ပါရာအတွက် အသက်စွန့် တိုက်ခိုက်ခဲ့သော
သူရဲကောင်းတွေရဲ့ သမိုင်းမှတ်တိုင်မှာ
သံယောဇဉ် လက်ကျန်ရှင်းတမ်းတွေ မပါရှိစေရပါဘူး....
နာရေးကူညီမှုအသင်း(ကျော်သူ)၊ ဒေါ်အောင်ဆန်းစုကြည် ၊
ဗုဒ္ဓ ၊ မာသာထရီဆာ ၊ ငြိမ်းချမ်းရေးငှက်တောင်ပံခတ်သံနှင့်
မေတ္တာတရားခေါင်းပါးကြသူများ....
အဆိုးထဲက အကောင်း
အကျိုးထဲက အကြောင်း
တစ်ယောက်တည်းအထီးကျန်တယ်လို့
ခပ်ညံ့ညံ့ရေးစပ်တတ်တဲ့ တေးရေးဆရာလောက်
ကျနော်အမြင်ကတ်တာ လောကမှာဘာမှမရှိဘူး
Hip Hop ဆိုပြီး ညှစ်ညှစ်အော်နေသော

Rapper (ခ) .........တွေကိုလည်း
ကျနော် မလေးစားတတ်တော့ဘူး
တောင်းတစ်လုံးပြည့်အောင်ဖြိုထည့်လိုက်ခြင်းသည်သာ
လိုအင်ဆန္ဒမှန်သမျှ လောက်ငှခြင်းနဲ့ မဆန့်ကျင်ရာကျပါသည်......
အခန်းအပူချိန်(အနုတ်)သုညဒီဂရီဆဲဆီးရပ်အောက်အရောက်မှာ
ကိုယ်ကျင့်တရားတို့  အေးခဲပျောက်ပျက်ကြရတယ်
ဝန်ရိုးစွန်းတေးသွားတစ်ပုဒ်ကိုတော့

ဝက်ဝံတစ်ကောင်ကို အဆိုခိုင်းခဲ့တယ်
နေမ၀င်အင်ပါရာအတွက် အသက်စွန့် တိုက်ခိုက်ခဲ့သော
သူရဲကောင်းတွေရဲ့ သမိုင်းမှတ်တိုင်မှာ
သံယောဇဉ် လက်ကျန်ရှင်းတမ်းတွေ မပါရှိစေရပါဘူး....
နာရေးကူညီမှုအသင်း(ကျော်သူ)၊ ဒေါ်အောင်ဆန်းစုကြည် ၊
ဗုဒ္ဓ ၊ မာသာထရီဆာ ၊ ငြိမ်းချမ်းရေးငှက်တောင်ပံခတ်သံနှင့်
မေတ္တာတရားခေါင်းပါးကြသူများ....
အဆိုးထဲက အကောင်း
အကျိုးထဲက အကြောင်း
တစ်ယောက်တည်းအထီးကျန်တယ်လို့
ခပ်ညံ့ညံ့ရေးစပ်တတ်တဲ့ တေးရေးဆရာလောက်
ကျနော်အမြင်ကတ်တာ လောကမှာဘာမှမရှိဘူး
Hip Hop ဆိုပြီး ညှစ်ညှစ်အော်နေသော

Rapper (ခ) .........တွေကိုလည်း
ကျနော် မလေးစားတတ်တော့ဘူး
တောင်းတစ်လုံးပြည့်အောင်ဖြိုထည့်လိုက်ခြင်းသည်သာ
လိုအင်ဆန္ဒမှန်သမျှ လောက်ငှခြင်းနဲ့ မဆန့်ကျင်ရာကျပါသည်......

Tuesday, May 1, 2012

♣ Installaion,.........

တစ်စက္ကန့်  ၂၆ frame နှုန်းနဲ့ ပဲပြသပေးထားပါတယ်
ချိတ်ဆွဲနေဖို့ ရာ လိုမယ်မထင်ပါဘူး
ငြီးငွေ့ ခြင်းအား ဖြေသိမ့်ပေးမှုမှာ
ဘယ်အရာမှ အစားထိုး မပါဝင်တာ ကောင်းမှာပါ
နေ့ စွဲမတပ်အပ်သော ပြက္ခဒိန် ရက်လခုနှစ်များအား
မမေ့သင့်စရာကြုံရဦးမှာပါ
တစ်ယောက်တစ်မျိုးမရိုးရအောင်
တယောအိုနဲ့ သီချင်းကတော့ ကောင်းမယ်မထင်ဘူး
အင်တာဗျူးကျိန်းသေ ၀င်တာပါပဲ ဗေဒင်ဆရာရာ
ဘာပဲဖြစ်ဖြစ် သက္ကရာဇ်ကတော့ ဓားပြတိုက်ရကိန်းဆိုက်နေတယ်
ကိုယ့်လူတို့ ........................
...............................................................................
ပဲပြုတ်သည်လည်း gsm phone ကိုင်မယ်လို့ ပြောနေသံတွေကြားရတယ်
ကျနော်ကတော့ အော်ပြောရတာကို သဘောကျလို့  တိုးတိုးပဲပြောနေတာပါ
sms card တွေရဲ့ အမှတ်အသားတွေမှာ ဘာသာဗေဒတွေးခေါ်တွက်ချက်မှု
တိုင်းတာသော ကိရိယာတန်ဆာပလာတွေ တပ်ထားသင့်ပါပြီ
ကျနော်တို့ နဲ့ ကမ္ဘာ ကမ္ဘာ နဲ့ ကျနော်တို့ ..........
ဖြုတ်လို့ တပ်လို့ ရတာတွေအကုန် ခဏချွတ်ပစ်ချင်လည်း မတားပါဘူး
ရစ်ပတ်မထားအပ်တဲ့ ၀က်အူရစ်ပိုက်ခေါင်းတွေ
1234567890 1234567890 0987654321 0987654321
digital ဆိုတာ ကိန်းဂဏန်းများနဲ့ computer အားကိုးကွယ်ယုံကြည်ခြင်းတရား ဟုခေါ်ပါသည်။