စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Thursday, June 6, 2013

♣ DANCE WITH ME,...


File:Spinning Dancer.gif
Right spinning dancer.gif
Left spinning dancer.gif
Spinning Dancer - Frames.gif

ရီဝေမူးယစ်စေသော တေးသွားအတိုင်း
ကခုန်လှည့်စားခြင်းတွေနဲ့ အတူ
ဒီည တို့ အတူပျော်ရအောင်
မေ့ ထားလိုက် မေ့ ထားလိုက်
မေ့ ထားခဲ့ လိုက်စမ်းပါ
အပြုံးနောက်ကွယ်က
မာယာဆန်ဆန်
အမုန်းတွေကို....။
 

♣ စက်ရပ်သတင်းများ..........


အရှေ့ 
အနောက်
တောင်
မြောက်သို့ လျောက်ရင်း
မုန်တိုင်းရှိရာ ငါတို့ သွားကြမယ်....။

မှတ်ချက်။ ။မော်ဒန်ကဗျာ သက်သက်ဖြစ်ပါသည်....။

♣ သေနတ်ကိုင်ထားသူချင်း ငြိမ်းချမ်းရေးလာတောင်းနေသော ကိစ္စ....

 သေနတ်ကိုင်ထားသူချင်းအတူတူ
ငြိမ်းချမ်းရေးလာတောင်းနေတဲ့ ကိစ္စကတော့
တရားလွန်လွန်းမနေဘူးလား....။
အဲဖရက်နိုဗယ်အိပ်သွားခဲ့တာကြာပြီ
ငိုသံ ရယ်သံ မျက်ရည်စတွေကိုတီထွင်ခဲ့တဲ့
သူ့ သမိုင်းကြောင့် ဒီနေ့ ကမ္ဘာက လှနေခဲ့တာဗျ....။
တဖက်ကစားနပ်ရိက္ခာ
တဖက်ကဘာသာရေးပြဿနာ
တဖက်ကတင်းမာမှု
တဖက်က......
ကိုင်း ဘယ်တရား ဘယ်ဘုရားကယ်ကယ်
ဘယ့်နှယ့်လုပ်ကြမတုန်းပဲ ပြောကြပါစို့ ....။
သိပ်ကြောက်နေဖို့ မလိုတာ
ငါတို့ ရှေ့ ကသေခြင်းတရားပဲ
နောက်ဆုတ်မလား ရှေ့ တိုးမလားဆိုတာက
မိမိရဲ့ ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်ဗျာ....။

မှတ်ချက်။ ။ world peace နှင့် ကမ္ဘာ့ စားနပ်ရိက္ခာအကြောင်း
မော်ဒန်ကဗျာဖွဲ့ ဆိုပါသည်....။

Friday, April 19, 2013

♣ ရှုထောင့်များ.....



မင်း ဘက်ကကြည့်တော့
ယ ပက်လက်လား?
င့ါ ဘက် ကတော့ ကကြီးမှ ကကြီးအစစ်ကွ
အရပ်ကူပါ လူဝိုင်းပါနဲ့ 
ဖလင်တစ်ပုဒ်ဖြစ်တတ်တဲ့ အရေးလောက်တော့
တဖြည်းဖြည်းငါ ပျင်းလာတာ ဆန်းလားကွာ.....။
♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
☺ my face book is kaungzawhtet

http://www.kokaungzawhtet.wordpress.com/
http://www.kokaungzawhtet.blogspot.com/
http://www.kzhyangon.webs.com

Saturday, December 1, 2012

♣ လသားအရွယ် HACKER မွေးဖွားခြင်း....

ကျွန်တော့်ရဲ့ ဒီနာမည်ကို
မွေးဖွားပေးခဲ့တာဟာ
"လ"သာဒအရွယ်ရှိပါသေးတယ်
ကျွန်တော့်ဦးနှောက်ကအတွေးအခေါ်ကို
ကျွန်တော့လက်ချောင်းများက
ချရေးပေးလိုက်ခြင်းဟာ
"အနုပညာ"ဆိုရင်.....။







Tuesday, July 31, 2012

ရန်ကုန်မြင်ကွင်းကျယ်....(မော်ဒန်ကဗျာ)

မာနတရားကို အလှတရားကဦးညွတ်
သေခြင်းနောက်ကွယ်က အရိုးစုတွေပဲ ငါမြင်တယ်
ငါသူတပါး ယောက်ျား မိန်းမတွေနဲ့ လောကက
သူမရှိ ငါမရှိတွေနဲ့  ပြည့်နှက်နေလေရဲ့.....
ဂုဏ်တွေငွေတွေနောက်
တကောက်ကောက်လိုက်တတ်ကြသော
လူသားများရဲ့ နောက်ကအမှားများအောက်က
ချိုမြိန်ခြင်းတွေတော့ ငါမစားသုံးပါရစေနဲ့ .....
အမည်းရောင်ကို အမှောင်ဖုံးထားခြင်းကိုတော့
ဘာမှမမြင်ရခြင်း အဘိဓာန်မှာလှန်ရှာကြည့်ကြပေါ့
ကျနော်ကတော့ မော်ဒန်ဆန်နေတာကိုပဲ ကြိုက်တာ.....
ကျနော့်တို့ နေထိုင်သောကမ္ဘာကြီးအတွက်
ကျနော်ဟာ.........
အုတ်တစ်ချပ်စာ သဲတစ်ပွင့်ပမာဏလောက် ဖြစ်နေရင်တောင်
ကျနော်ရှင်သန်နေထိုင်ခြင်းဟာလည်း
ကမ္ဘာမြေအတွက်သက်သက်ပဲ ဖြစ်ရပါလိမ့်မယ်ဗျာ.....။

မှတ်ချက်။        ။ tag = မော်ဒန်ကဗျာသာ ဖြစ်ပါသည်.....။