စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Monday, October 24, 2011

♣ လေးထောင့် မကျ တကျ အက္ခရာများ.......






ဦးတည်ချက်အတိုင်းလျောက်လာရတာလည်း
တစ်ခါတစ်ရံ ငြီးငွေ့ ဖွယ်အတိရှိလှပါတယ်......

ခင်ဗျား မမေးပဲ
ကျနော် ဘာမှ မပြောချင်တော့ဘူးဗျာ.....

အသစ်တွေ ပြောင်းလဲလာတိုင်း

အဟောင်းတိုင်းကိုတော့ မမေ့ရက်တဲ့အသိရှိရှိ 
ငါလွမ်းတတ်ခဲ့လေပြီ......

မတ်ကြည့်တယ်
ရပ်ကြည့်တယ်
ထကြည့်တယ်
ထိုင်နေတယ်
လုပ်နေတယ်
မလုပ်(သေး)တော့ဘူး

အောင်မြင်မှုဆိုသော အတိုင်းအတာကို

ငါ့အဘိဓာန်မှာရေးခွင့်မရှိသေးဘူး
တစ်နေရာထဲကနေမှ အကုန်မြင်ရတာကို ငါသိလာတယ်
သတိ နောက်မှာက ငါတို့နဲ့နီးသော သေခြင်းတရားလား?

မထူးဆန်းပါဘူး
 မထူးဆန်းဘူး
ဘာမှ မထူးဆန်းဘူး
ကမ္ဘာဦးက ရည်းစားစာ
အာဒံ ဧဝ

ကောင်မလေး အားလုံးကိုချစ်ပစ်ဖို့လည်း 
ငါ မဖြစ်နိုင်သေးဘူး

images တိုင်းမှာ ပုံရိပ်တွေ
မမြင်ရနိုင်ဘူး
ဥသြဆွဲတိုင်း
ရထားထွက်ခွင့်မရတာကရော
ဘာသဘောတရားလဲ?
သတ်ပုံတိုင်းမှာရော

အမှန်တရားတွေ ရှိကြရဲ့လားဗျ?
အမှောင်တကာ့ အမှောင်မှာ
ဘယ်အရာကအမှောင်ဆုံးလဲ?

 ငါ့ခရစ်စမတ်( christmas ) သစ်ပင်မှာ
ဘယ်သူမှ မီးလုံးတွေ
လာမချိတ်ဆွဲကြနဲ့
new year 2012 ကိုတော့
ငါမမျှော်ပဲ ကြိုဆိုနေပေးမယ်

 မြားမသုံး လေးမပစ်ခဲ့သော
ငါ့စစ်ဆင်ရေးကလည်း
နောက်သမိုင်းစာမျက်နှာအတွက်
  သွေးတစ်စက်ဖြစ်ခဲ့ပြီ....။

Thursday, October 20, 2011

♣ရာစုသစ် သုခမိန်ပေါင်ချိန် ( ပြည့်သူ့ တရားရှင် )





ပွဲလန့်နေတုန်း
ဖျာခင်းတာဟာ
စူးစမ်းဆင်ခြင်ဥာဏ်မရှိသော ယုန်သူငယ်လို
တစ်တောလုံးဆူဝေအောင်ပြေးရခြင်းကို နမူနာယူသင့်တဲ့
ဥပမာတစ်ခုနဲ့ အလားသဏ္ဍန်တူနေတယ်

ကိုရီးယားကားနဲ့ (ကင်ချီ)အသားကင်တုတ်ထိုးကိုတော့
အားနာမိပါရဲ့
SEA - ME - WE ရေအောက် cable ကြိုး
ပြုပြင်နေတာခုထိမပြီးသေးဘူးလား?
ကျနော်ကတော့ ဖြတ်ပြေးချင်နေပြီ
m e s s a g e s ေ တ ြ က ိ ု ေ လ .....................
သုခမိန်လက်သစ်(သို့) ကျနော့်ဇာတ်လိုက်ကတော့
ဝူရှူး ကွန်ဖူး ဗန်တို ဗန်ရှည် တွေတိုက်ကွက်တွေကို မသုံးဘူးဗျ
တိုက်ကွမ်ဒို ကရာတေး ဂျူဒိုတွေကိုလည်း
ရောဂကျင့်စဉ်အဆင့်လောက်ပဲ
လေ့ကျင့်ပေးထားပါတယ်
ဝယ်...... ၀ူ...........လို့တော့
မလုပ်ကြနဲ့
ရှဲ ရှဲ လို့ပြောတာလည်း
ကျနော်နားမလည်ပါဘူး
လေပေါ်မှာလည်း မပြေးဘူး
ရေပေါ်မှာလည်း မခုန်ဘူး
ပင်လယ်ရေ ဘယ်မခန်း
မထွေးအမိဖမ်းကြေး ပုဒ်မကို ကိုင်ဆောင်ထားတယ်
Democracy မှာက
စည်းကမ်းတွေက နဂိုကတည်းက ပါရှိပြီးသား အရူးတွေရဲ့
တစ်ဒေါ်လာတော့ ပိုသာလိုက်မယ် ကျနော်.......အဟဲ
ကျနော် မရယ်တတ်သေးဘူးနော်
ခေါင်းတစ်ရာသားကို စားပါ
တစ်နေ့ပုဆိုးသုံးခါလှည့်ဝတ်ပါ
အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ
ကျနော်ကတော့
အရေပြားဖုံးရုံဝတ်တယ်
တစ်ဝမ်းဝရုံလောက်ပဲ စားပါတယ်
ဘာတရားကျစရာ ထပ်ရှိသးလဲ
နေ့တိုင်း( မသေမချင်း) စဉ်းစားသွားမယ်
မေးပါများစကားရ
သွားပါများခရီးရောက်
မအိပ်မနေ အသက်ရှည်စေသော်ဝ် ( နဂါးနိုင်မင်းသား - ပေါက်ကျိုင်း ရာဇ၀င် )
ပညာရှိ သတိဖြစ်ခဲ ဆိုပဲ
ကျနော်ကတော့
မေ့တတ်သလို မှတ်ဥာဏ်ကျလည်း
မကောင်းပြန်ဘူး
တစ်နေ့တစ်လံ ပုဂံ ဘယ်မှ မပြေးဘူး
ကမ္ဘာကြီး အရည်ပျော်ကျတဲ့နေ့တော့
အငွေ့ လောက်တော့ တွေ့ ရမှာပါ
စိတ်ချ...........။

Tuesday, October 18, 2011

♣ Masterpiece ( ခ ) လက်ရာမြောက်ပန်းချီကားတစ်ချပ် ကွယ်လွန်အနိစ္စရောက်ခြင်း....



ထောင့်ချိုးမရှိသော
တြိဂံတိုင်းရဲ့ အမှတ်တစ်ခုရဲ့ အနားတိုင်းဟာ
ယိုင်ညွှန်းကိန်းတစ်ခုကိုဖြတ်သွားတိုင်းဖြတ်သွာတိုင်း
မျဉ်းဖြောင့်တစ်ကြောင်း အဖြစ်
ပုံစံပြောင်းပေးသွားကြတယ်

အမှတ်တစ်ခုကို
ဗဟိုပြုပြီး မျဉ်းဖြောင့်တစ်ကြောင်း
တစ်ပတ်ပြည့်အောင် ဆွဲသားတိုင်းလည်း
စက်ဝိုင်းမဖြစ်စေရဘူး

နောက် ကိန်းဂဏန်းတွေနဲ့
မတွက်ချက်ရတာကို
ပုစ္ဆာတိုင်းမှာ ပုံသေနည်းအဖြစ် သုံးပေးရမယ်
အပေါင်းအနုတ်အမြှောက်အစားတွေ
မသိစေရဘူး

' M A T H E M A T I C S ' is not a number of number
ငါ့သီအိုရီကို ငါ့ကဗျာမှာပဲ
ယူသုံးပေးကြပါ
ဘာသာစကားအခက်အခဲအတွက်တော့
ဘာမှ မပူကြနဲ့

သင်ခန်းစာတွေမရှိဘူး
Practical တွေ လက်တွေ့ မလုပ်ရဘူး
Lecture Room တွေမပါဘူး
Library တွေမလိုအပ်ခဲ့ဘူး

သစ်ပုပ်ပင်လည်းစိုက်မထားဘူး
ဂျပ်ဆင်ထက်မှာ တေးလိပ်ပြာတွေ မနားရဘူး
ကံ့ကော်တွေ မပွင့်ရဘူး စိန်ပန်းလည်း မဖူးရဘူး
လွယ်အိတ်မပါသော ကျောင်းသားများသာ
တက်ခွင့်ရသော University ရဲ့ စည်းကမ်းကိုလည်း
တင်းကျပ်မထားပေးစေရဘူး

ပါမောက္ခရဲ့ အကြည့်တွေမှာ မျက်လုံးတွေ မရှိရဘူး
မေးခွန်းတိုင်းရဲ့ အဖြေတိုင်းပေးစရာမလိုဘူး
----------------------------------------------
-----------------------------------------------
ငါ့တက္ကသိုလ်ကဘွဲ့ ကို ငါကိုယ်တိုင်
ငါ့အား နှင်းအပ်ပေးခဲ့တယ်...................။

မှတ်ချက်။ ။ ရောက်ခဲ့ဖူးသော တစ်ချိန်က စာ (ပညာမသင်သော) တက္ကသိုလ်သို့  //

♣ လရောင်ဖြင့် အလင်းဆွတ်ပျံ့ စေခဲ့သော ညချမ်းများသို့ ....//




ခရောင်းလမ်းအတွက်

ဆူးခင်းထားသော
ညနက်နက် နှင်းဆီဆူးခက်တွေက
ငါ့ကို ပွေ့ ဖက်အနမ်းနဲ့
နှစ်သိမ့်ပေးခဲ့ကြပါတယ် ညနေ.........
မြေပုံပေါ်ကနေ့စွဲတွေလည်း
အပိုင်းပိုင်း ကျိုးပြတ်ခဲ့တယ်
အရောင်တွေနဲ့ ဆေးခြယ်ခြင်းတရားကိုလည်း
ဘ၀အတွက် မေ့ဆေးအဖြစ် ငါယူသုံးခဲ့တယ်

တစ်ခါတစ်ရံမှာတော့.......
ငါပြောခဲ့သော
ငါ့စကားလုံးတွေနဲ့ ငါဆန့်ကျင်ဘက်လားရာကို
ဦးတည် ခရီးထွက်တတ်ပါတယ်


digital တွေ analog စနစ်တွေကြောင့်

3d ပန်းချီကားလည်း
ရုပ်လုံးမကြွတော့ဘူး

ကိန္ဒရီ ကိန္ဒရာအတွက်တော့

နှစ်တစ်ရာ calendar လေးပေးပြီး
အလွမ်းဖြေခိုင်းခဲ့တယ်

internet ပေါ်မှာ ကဗျာရေးကြသူအားလုံးကိုတော့

ကျနော်လေးစားအပ်တယ်......

ဆက်ရေးတိုင်း မဆုံးနိုင်သော

ကဗျာတွေကိုတော့
ချစ်သူအတွက်
ငါမဖွဲ့ အပ်တော့ဘူး.....

စက္ခုအလင်းကြောင့်ပဲ
ငါ့မျက်လုံးတွေကို

ငါကိုယ်တိုင် ထိုးဖောက်ပစ်ချင်နေပြီ

အာရုံ ခြောက်ပါးကြောင့်လည်း
ကိလေသာတို့ မချုပ်ငြိမ်းခဲ့ရာ
တွေးခေါ်စရာဦးနှောက်ကြောင့်လည်း
နှလုံးသွေးကြောတို့ ပြောင်းပြန်စီးဆင်းစေခဲ့တယ်

နိဂုံးဆိုတာလည်း

အဆုံးသတ်မမှားဖို့ သတိပေးနေသာ
အချက်ပြ ဆောင်ပုဒ်တစ်ခုပါပဲ
ဘာပဲဖြစ်ဖြစ် နိဒါန်းအတွက်လည်း
စဦးပေးဆပ်မှုဖြစ်သော ပဏာမလုပ်ရပ်တွေက အရေးကြီးနေပြန်ရော.......။

Friday, October 14, 2011

♣ Expensive (ခ) ဈေးကြီးသော Adjective နာမ၀ိသေသနများအကြောင်း.....


စည်းကမ်း မရှိတာတော့မဟုတ်ပါဘူး
အဖျက် သဘောလည်း မဆောင်ချင်ဘူး
ဘာပဲဖြစ်ဖြစ် ငါ့ဒဿနဟာ
ငါ့အတွက် အရေးကြီးတယ်
ချွေးထွက်များမှ သွေးထွက်နည်းစေရမယ်
ဘ၀ပုစ္ဆာတိုင်းကို
ခပ်ကြမ်းကြမ်းလေးပဲ ငါ ကိုင်တွယ်ခဲ့တယ်
ငါ ဥာဏ်လည်းမကောင်းပါဘူး
Ovatine တော့သောက်တာပါပဲ
ပန်းချီဆရာတစ်ယောက်
လမ်းပေါ်လဲကျနေတယ်
သူ့ကို ဘယ်သူတွေက
တွဲခေါ်ပေးကြမှာလဲ?
ဒါမျိုးဆိုရင်တော့ လူတွေ......
............................
...................
ငါ့ မော်ဒန်ကဗျာက သီချင်းတွေလို
သံစဉ်တပ်မထားတော့
ဘယ်သူပဲဖြစ်ဖြစ်
ဖတ်လို့တော့ကောင်းမယ်မထင်ပါဘူး
အားလုံးအတွက်တော့
ငါ ချန်ခဲ့တာပါပဲ
အသက်လိုချစ်ခဲ့ခြင်းအတွက်
ငါ့ကို မုန်းမပေးကြစမ်းပါနဲ့
စစ်ခင်းပြိုင်ဆိုင်မှုအတွက်
ဘာ တံတိုင်းမှ ငါခြားနားမထားချင်ဘူး
လွတ်လပ်ခြင်းအတွက်
အတွေးအခေါ်တွေကို ပေးဆပ်ခဲ့တယ်
ချစ်ခြင်းတရားအတွက်
အရာရာတိုင်းကိုရင်ဆိုင်ဖြတ်သန်းခဲ့တယ်
အမိန့်ပေးပြီးမှ တောင်းပန်တတ်တဲ့
လူတွေရဲ့ သဘောကိုတော့
ကျနော် မနှစ်ခြိုက်တတ်ခဲ့ဘူး
''စေလိုရာစေ'' ရလောက်အောင်တော့
ကျနော်လည်း မပျော့ညံ့ခဲ့ပါဘူး
အရိုးမရှိတဲ့လျှာကို
အပြစ်ဖွဲ့ နေဖို့မလိုပါဘူး
ခင်ဗျားတို့ ကျနော်တို့ ပါးစပ်ပေါက်အတွက်
သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတာကိုပဲ
နေ့စဉ်ထည့်တွက်ပေးဖို့ အဓိကကျတာပါ
ငါ့လို ပြောတတ်ဖို့ကိုတော့
ငါလုပ်သလို လိုက်လုပ်ကြည့်ဖို့တော့လိုမယ်ထင်တယ်
လွယ်လွယ်ရခဲ့သောအရာမှန်သမျှ
သုည လောက်တောင် တန်ဖိုးမထားတတ်ပါဘူး
ဘာပဲဖြစ်ဖြစ်
ခင်ဗျားတို့လိုချင်သော
ကျနော့် နှလုံးသားတစ်စုံကိုတော့
အနဂ္ဃအနန္တထက် ဈေးကြီးပေးရောင်းမယ်
ဆုံးဖြတ်ထားပါတယ်....။

မှတ်ချက်။ ။ပြထားသော ကောင်မလေးပုံမှာ
sexy လုံးဝမရည်ရွယ်ပါ မော်ဒန်ပန်းချီ သဘောကို ပြသထားခြင်းသာ ဖြစ်ပါသည်။

Thursday, October 13, 2011

♣ ပိုက်ဆံရှိသေးလား?


ကျပ်ကျပ်ရပ်ရပ် (ချပ်)၀တ်လိုက်ရသော 


ဒေါ်လာအင်္ကျီတစ်ထည်အကြောင်း
ကတော့ ငွေမက်တဲ့ မိန်းမတွေ အတွက်ပါ

အတ္တဂုဏ်ကြောင့် မောက်မာ
ဒေါသရမ္မက်ကြောင့် တဏှာဆိုတာကို
လောဘနဲ့ တိုက်စားပစ်သေးတယ်
ပိုက်ဆံရှိတာ နဲ့ပဲအရာအားလုံးကို
ကိုင်ပေါက်ချင်ကြတဲ့လောကအကြောင်း
ငါလည်း စိတ်မနာနိုင်သေးဘူး

မာနကတော့ ကျနော့်မှာလည်းရှိတာပါပဲ
အများကြီးတောင် ခင်ဗျားတို့ထက်
ပိုနိုင်နေပါသေးတယ်...

မဏ္ဍပ်တိုင်တက်မပြပါနေစရာမလိုပါဘူးဗျာ
ကျနော်လည်း တရားသူကြီးတစ်ယောက်လောက် သိတတ်ပါတယ်
လိုလိုမယ်မယ် ကိုယ်ကျင့်တရားဆိုတာလောက်ကိုတော့
သိက္ခာနဲ့ တိုင်းတာဆုံးဖြတ်ပေးလို့ရပါတယ်

တန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာတွေမှာ
ဘယ်အရာတွေက ထိပ်ဆုံကနေရာယူနေကြတာလဲ?
ကားဈေးကွက် အိမ်ခြံမြေဈေးကွက်တွေလားဗျ?
နောက် ကမ္ဘာစီးပွားရေး ဈေးကွက်လား?

မသိဘူးဗျာ
ဘာမှမသိဘူး.................
မြန်မာ cartoon animation လောကနဲ့ video editing လောက
ကျယ်ပြန့်ပါစေ
'' မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ''
ဆောင်ပုဒ်ပဲ အမှတ်တရ ကျန်ခဲ့တော့တယ်
united တွေပေါင်းရုံးထားသော myanmar national league တော့
ကျနော်လည်းမကြည့်ဖြစ်ဘူး


သောက်လက်စဆေးလိပ်တွေက
ဦးနှောက်ကနေ မီးခိုးထွက်ကြတယ်
(ပျင်း)ရင်တော့ ရေမရောနဲ့တော့
soda လည်း မစားနဲ့တော့
ဘီယာ အရက်ကြောင့် ဘ၀မပျက်လောက်ပါဘူး
ရင်ထဲမှာ ပူဆင်းသွားသော အရသာကို
ရေခဲမရိုက်ပဲသာ မျိုချလိုက်တော့
ကျနော်ကတော့ ရေ သောက်ပြီးလည်း
မူးလို့ရပါတယ်ဗျာ

အသည်းတစ်ခြမ်းအတွက်
ခင်ဗျားတို့ မလွမ်းတတ်ဘူးဆိုရင်ပေါ့

သက္ကရာဇ်ကို ကြည့်နေစရာမလိုတော့ပါဘူး
AD 3000 ဟာ
လူတန်းစားအားလုံး တပြေးညီနိုင်တဲ့
အခွင့်အရေးတွေ အများကြီးပေးပါလိမ့်မယ်
စောင့်နေစရာ မလိုပါဘူး
ကျနော်နဲ့အတူု
အရောက်လှမ်းကြတာပေါ့

ကျနော်လည်း ဒေါ်လာနဲ့တူတာတွေကိုစုပြီး
ဒေါ်လာစားသုံးခြင်း အရသာကို ပုံဖော်ကြည့်ချင်ပါသေးတယ်
လူသားအားလုံး အလုပ်လက်မဲ့ မဖြစ်စေရေးနဲ့
လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်ချက်( budget) ကိုတော့
အိုဘာမားလည်း ထည့်တွက်သင့်တာပဲလေ
ဒေါ်စုကိုတော့ ခုအနေအထားမှာ
ကျနော် ဘာမှ မပြောလိုသေးပါဘူး ငြိမ်းချမ်းရေးပန်းခင်းထဲကအမေ့ကို
သားတို့ လက်ကမ်းကြိုဆိုနေပါတယ်
အာဃာတနဲ့ အမုန်းတရားအားလုံးကို
unity မှာချေဖျောက် ပစ်လိုက်ကြစို့
Democracy နဲ့ လွတ်လပ်ခြင်းမျှတခြင်းတရားကိုတော့
တိုင်းရင်းသားတိုင်း နားလည်တန်ဖိုးထားသင့်တာ မှန်ပါတယ်....။


  မှတ်ချက်။ ။ ( )ထဲရှိ အက္ခရာများမှာ ကျနော်ရေးသော သတ်ပုံ အမှန်ဖြစ်ပါကြောင်း