စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Friday, April 19, 2013

♣ ရှုထောင့်များ.....



မင်း ဘက်ကကြည့်တော့
ယ ပက်လက်လား?
င့ါ ဘက် ကတော့ ကကြီးမှ ကကြီးအစစ်ကွ
အရပ်ကူပါ လူဝိုင်းပါနဲ့ 
ဖလင်တစ်ပုဒ်ဖြစ်တတ်တဲ့ အရေးလောက်တော့
တဖြည်းဖြည်းငါ ပျင်းလာတာ ဆန်းလားကွာ.....။
♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
☺ my face book is kaungzawhtet

http://www.kokaungzawhtet.wordpress.com/
http://www.kokaungzawhtet.blogspot.com/
http://www.kzhyangon.webs.com

Saturday, December 1, 2012

♣ လသားအရွယ် HACKER မွေးဖွားခြင်း....

ကျွန်တော့်ရဲ့ ဒီနာမည်ကို
မွေးဖွားပေးခဲ့တာဟာ
"လ"သာဒအရွယ်ရှိပါသေးတယ်
ကျွန်တော့်ဦးနှောက်ကအတွေးအခေါ်ကို
ကျွန်တော့လက်ချောင်းများက
ချရေးပေးလိုက်ခြင်းဟာ
"အနုပညာ"ဆိုရင်.....။







Tuesday, July 31, 2012

ရန်ကုန်မြင်ကွင်းကျယ်....(မော်ဒန်ကဗျာ)

မာနတရားကို အလှတရားကဦးညွတ်
သေခြင်းနောက်ကွယ်က အရိုးစုတွေပဲ ငါမြင်တယ်
ငါသူတပါး ယောက်ျား မိန်းမတွေနဲ့ လောကက
သူမရှိ ငါမရှိတွေနဲ့  ပြည့်နှက်နေလေရဲ့.....
ဂုဏ်တွေငွေတွေနောက်
တကောက်ကောက်လိုက်တတ်ကြသော
လူသားများရဲ့ နောက်ကအမှားများအောက်က
ချိုမြိန်ခြင်းတွေတော့ ငါမစားသုံးပါရစေနဲ့ .....
အမည်းရောင်ကို အမှောင်ဖုံးထားခြင်းကိုတော့
ဘာမှမမြင်ရခြင်း အဘိဓာန်မှာလှန်ရှာကြည့်ကြပေါ့
ကျနော်ကတော့ မော်ဒန်ဆန်နေတာကိုပဲ ကြိုက်တာ.....
ကျနော့်တို့ နေထိုင်သောကမ္ဘာကြီးအတွက်
ကျနော်ဟာ.........
အုတ်တစ်ချပ်စာ သဲတစ်ပွင့်ပမာဏလောက် ဖြစ်နေရင်တောင်
ကျနော်ရှင်သန်နေထိုင်ခြင်းဟာလည်း
ကမ္ဘာမြေအတွက်သက်သက်ပဲ ဖြစ်ရပါလိမ့်မယ်ဗျာ.....။

မှတ်ချက်။        ။ tag = မော်ဒန်ကဗျာသာ ဖြစ်ပါသည်.....။
   

Wednesday, June 27, 2012

♣ Message,......

 
တစ်လမ်းတည်းတော့
မလျောက်ချင်ပါဘူး
နေတာဟာ သေတာနဲ့ လည်း
ကွာခြားကြပါစေ
လောကဓံဟာ ဒုက္ခဆိုရင်
လူသားများရဲ့ အနာဂတ်ဟာ
မတွေးဝံ့စရာတွေ ဖြစ်လာတော့မှာပေါ့
လောလောဆယ်
သီချင်းတစ်ပုဒ် ၂ သိန်းခွဲလောက်နဲ့
ရောင်းစားချင်တယ်ဗျာ.....။

Thursday, May 17, 2012

♣ မုဆိုးအလွင့် ငှက်အတင့်.........




အခန်းအပူချိန်(အနုတ်)သုညဒီဂရီဆဲဆီးရပ်အောက်အရောက်မှာ
ကိုယ်ကျင့်တရားတို့  အေးခဲပျောက်ပျက်ကြရတယ်
ဝန်ရိုးစွန်းတေးသွားတစ်ပုဒ်ကိုတော့

ဝက်ဝံတစ်ကောင်ကို အဆိုခိုင်းခဲ့တယ်
နေမ၀င်အင်ပါရာအတွက် အသက်စွန့် တိုက်ခိုက်ခဲ့သော
သူရဲကောင်းတွေရဲ့ သမိုင်းမှတ်တိုင်မှာ
သံယောဇဉ် လက်ကျန်ရှင်းတမ်းတွေ မပါရှိစေရပါဘူး....
နာရေးကူညီမှုအသင်း(ကျော်သူ)၊ ဒေါ်အောင်ဆန်းစုကြည် ၊
ဗုဒ္ဓ ၊ မာသာထရီဆာ ၊ ငြိမ်းချမ်းရေးငှက်တောင်ပံခတ်သံနှင့်
မေတ္တာတရားခေါင်းပါးကြသူများ....
အဆိုးထဲက အကောင်း
အကျိုးထဲက အကြောင်း
တစ်ယောက်တည်းအထီးကျန်တယ်လို့
ခပ်ညံ့ညံ့ရေးစပ်တတ်တဲ့ တေးရေးဆရာလောက်
ကျနော်အမြင်ကတ်တာ လောကမှာဘာမှမရှိဘူး
Hip Hop ဆိုပြီး ညှစ်ညှစ်အော်နေသော

Rapper (ခ) .........တွေကိုလည်း
ကျနော် မလေးစားတတ်တော့ဘူး
တောင်းတစ်လုံးပြည့်အောင်ဖြိုထည့်လိုက်ခြင်းသည်သာ
လိုအင်ဆန္ဒမှန်သမျှ လောက်ငှခြင်းနဲ့ မဆန့်ကျင်ရာကျပါသည်......
အခန်းအပူချိန်(အနုတ်)သုညဒီဂရီဆဲဆီးရပ်အောက်အရောက်မှာ
ကိုယ်ကျင့်တရားတို့  အေးခဲပျောက်ပျက်ကြရတယ်
ဝန်ရိုးစွန်းတေးသွားတစ်ပုဒ်ကိုတော့

ဝက်ဝံတစ်ကောင်ကို အဆိုခိုင်းခဲ့တယ်
နေမ၀င်အင်ပါရာအတွက် အသက်စွန့် တိုက်ခိုက်ခဲ့သော
သူရဲကောင်းတွေရဲ့ သမိုင်းမှတ်တိုင်မှာ
သံယောဇဉ် လက်ကျန်ရှင်းတမ်းတွေ မပါရှိစေရပါဘူး....
နာရေးကူညီမှုအသင်း(ကျော်သူ)၊ ဒေါ်အောင်ဆန်းစုကြည် ၊
ဗုဒ္ဓ ၊ မာသာထရီဆာ ၊ ငြိမ်းချမ်းရေးငှက်တောင်ပံခတ်သံနှင့်
မေတ္တာတရားခေါင်းပါးကြသူများ....
အဆိုးထဲက အကောင်း
အကျိုးထဲက အကြောင်း
တစ်ယောက်တည်းအထီးကျန်တယ်လို့
ခပ်ညံ့ညံ့ရေးစပ်တတ်တဲ့ တေးရေးဆရာလောက်
ကျနော်အမြင်ကတ်တာ လောကမှာဘာမှမရှိဘူး
Hip Hop ဆိုပြီး ညှစ်ညှစ်အော်နေသော

Rapper (ခ) .........တွေကိုလည်း
ကျနော် မလေးစားတတ်တော့ဘူး
တောင်းတစ်လုံးပြည့်အောင်ဖြိုထည့်လိုက်ခြင်းသည်သာ
လိုအင်ဆန္ဒမှန်သမျှ လောက်ငှခြင်းနဲ့ မဆန့်ကျင်ရာကျပါသည်......

Tuesday, May 1, 2012

♣ Installaion,.........

တစ်စက္ကန့်  ၂၆ frame နှုန်းနဲ့ ပဲပြသပေးထားပါတယ်
ချိတ်ဆွဲနေဖို့ ရာ လိုမယ်မထင်ပါဘူး
ငြီးငွေ့ ခြင်းအား ဖြေသိမ့်ပေးမှုမှာ
ဘယ်အရာမှ အစားထိုး မပါဝင်တာ ကောင်းမှာပါ
နေ့ စွဲမတပ်အပ်သော ပြက္ခဒိန် ရက်လခုနှစ်များအား
မမေ့သင့်စရာကြုံရဦးမှာပါ
တစ်ယောက်တစ်မျိုးမရိုးရအောင်
တယောအိုနဲ့ သီချင်းကတော့ ကောင်းမယ်မထင်ဘူး
အင်တာဗျူးကျိန်းသေ ၀င်တာပါပဲ ဗေဒင်ဆရာရာ
ဘာပဲဖြစ်ဖြစ် သက္ကရာဇ်ကတော့ ဓားပြတိုက်ရကိန်းဆိုက်နေတယ်
ကိုယ့်လူတို့ ........................
...............................................................................
ပဲပြုတ်သည်လည်း gsm phone ကိုင်မယ်လို့ ပြောနေသံတွေကြားရတယ်
ကျနော်ကတော့ အော်ပြောရတာကို သဘောကျလို့  တိုးတိုးပဲပြောနေတာပါ
sms card တွေရဲ့ အမှတ်အသားတွေမှာ ဘာသာဗေဒတွေးခေါ်တွက်ချက်မှု
တိုင်းတာသော ကိရိယာတန်ဆာပလာတွေ တပ်ထားသင့်ပါပြီ
ကျနော်တို့ နဲ့ ကမ္ဘာ ကမ္ဘာ နဲ့ ကျနော်တို့ ..........
ဖြုတ်လို့ တပ်လို့ ရတာတွေအကုန် ခဏချွတ်ပစ်ချင်လည်း မတားပါဘူး
ရစ်ပတ်မထားအပ်တဲ့ ၀က်အူရစ်ပိုက်ခေါင်းတွေ
1234567890 1234567890 0987654321 0987654321
digital ဆိုတာ ကိန်းဂဏန်းများနဲ့ computer အားကိုးကွယ်ယုံကြည်ခြင်းတရား ဟုခေါ်ပါသည်။


Monday, October 24, 2011

♣ လေးထောင့် မကျ တကျ အက္ခရာများ.......






ဦးတည်ချက်အတိုင်းလျောက်လာရတာလည်း
တစ်ခါတစ်ရံ ငြီးငွေ့ ဖွယ်အတိရှိလှပါတယ်......

ခင်ဗျား မမေးပဲ
ကျနော် ဘာမှ မပြောချင်တော့ဘူးဗျာ.....

အသစ်တွေ ပြောင်းလဲလာတိုင်း

အဟောင်းတိုင်းကိုတော့ မမေ့ရက်တဲ့အသိရှိရှိ 
ငါလွမ်းတတ်ခဲ့လေပြီ......

မတ်ကြည့်တယ်
ရပ်ကြည့်တယ်
ထကြည့်တယ်
ထိုင်နေတယ်
လုပ်နေတယ်
မလုပ်(သေး)တော့ဘူး

အောင်မြင်မှုဆိုသော အတိုင်းအတာကို

ငါ့အဘိဓာန်မှာရေးခွင့်မရှိသေးဘူး
တစ်နေရာထဲကနေမှ အကုန်မြင်ရတာကို ငါသိလာတယ်
သတိ နောက်မှာက ငါတို့နဲ့နီးသော သေခြင်းတရားလား?

မထူးဆန်းပါဘူး
 မထူးဆန်းဘူး
ဘာမှ မထူးဆန်းဘူး
ကမ္ဘာဦးက ရည်းစားစာ
အာဒံ ဧဝ

ကောင်မလေး အားလုံးကိုချစ်ပစ်ဖို့လည်း 
ငါ မဖြစ်နိုင်သေးဘူး

images တိုင်းမှာ ပုံရိပ်တွေ
မမြင်ရနိုင်ဘူး
ဥသြဆွဲတိုင်း
ရထားထွက်ခွင့်မရတာကရော
ဘာသဘောတရားလဲ?
သတ်ပုံတိုင်းမှာရော

အမှန်တရားတွေ ရှိကြရဲ့လားဗျ?
အမှောင်တကာ့ အမှောင်မှာ
ဘယ်အရာကအမှောင်ဆုံးလဲ?

 ငါ့ခရစ်စမတ်( christmas ) သစ်ပင်မှာ
ဘယ်သူမှ မီးလုံးတွေ
လာမချိတ်ဆွဲကြနဲ့
new year 2012 ကိုတော့
ငါမမျှော်ပဲ ကြိုဆိုနေပေးမယ်

 မြားမသုံး လေးမပစ်ခဲ့သော
ငါ့စစ်ဆင်ရေးကလည်း
နောက်သမိုင်းစာမျက်နှာအတွက်
  သွေးတစ်စက်ဖြစ်ခဲ့ပြီ....။