

နာမည်ကြီးချင်လို့
ဒီပြဇာတ်ကို
ငါ ခေါင်းစဉ်တပ်နေခဲ့တာမဟုတ်ပါဘူး
လူတစ်ယောက်ရဲ့
ဖြစ်စဉ်
လက်ရှိနေထိုင်မှု
သမိုင်းအကြောင်း ကိုပုံကြီးချဲ့ရေးသားခဲ့တာပါ
ပလိုင်းပေါက်နဲ့
ကောက်ခဲ့တဲ့ ဖားတွေလည်း
ပြည့်လုပြည့်ခင်ဖြစ်နေခဲ့ပြီ
ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေခဲ့တာမဟုတ်ပါဘူး
မထူးသေးတဲ့ အချိန်မှာ
ခပ်ရူးရူးလေးပဲ ဘ၀ကို
ငါစောင့်ကြည့် သီးခံခိုင်းထားမလို့ပါ
ရိုးသားမှု ဆိုတဲ့ဂုဏ်ပုဒ်ကိုတော့
ငါ လည်း ဘာဆေးရောင်မှ
ထပ်ခြယ်ပြသနေစရာလိုမယ် မထင်တော့ပါဘူး
မြင်အောင်တော့
အရာရာတိုင်းကို ကြည့်တတ်ဖို့လိုပါတယ်
ငါ့မျက်လုံးတွေကို
ငါဖောက်ထုတ်ပစ်လိုက်တဲ့အတိုင်းအတာအထိ
ငါ့အနုပညာကို
ငါချစ်နေခဲ့တာလေ
တန်ပြန်သက်ရောက်မှု
နိယာမအကြောင်း ငါ့ကို
လာမပြောကြပါနဲ့
သီအိုရီ တွေထုတ်ကြတာ
အရူးတွေရဲ့ အလုပ်တစ်ခုပါပဲ
ဘာမှမပြောတတ်ရင်
ဘာမှမပြောတာ
အကောင်းဆုံးပဲ
ဘာသာစကားကြောင့် လူသားတိုင်း
နားရှုပ်ကြရတယ်
ငါနားလည် သိတတ်သလောက်သာ
နားလည်နိုင်ကြမယ်ဆိုရင်
ငါလည်း
အခုလောက် မော်ဒန်ဆိုသော
ခေတ်ပေါ်ကဗျာတွေကို
အခုလောက် ဖန်တီး ရေးချ
ပြသနေစရာလိုမယ်မထင်တော့ပါဘူး......။
မှတ်ချက်။ ။ tag= မော်ဒန်ကဗျာ
နားလည်အောင် သေချာဖတ်ပြီးမှ comment ပေးကြပါရန်
♦ ကောင်းမှု မြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကြိုး ကိုယ်၌တည်စေမင်း....။
( ရှင်မဟာရဌသာရ )
♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com
No comments:
Post a Comment