စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: ♣ တစ်ယောက်တည်းရတဲ့ ပထမကိုပဲ ငါလိုချင်တယ်.............

Wednesday, October 5, 2011

♣ တစ်ယောက်တည်းရတဲ့ ပထမကိုပဲ ငါလိုချင်တယ်.............



အတ္တ ရဲ့ စေစားမှုတွေကြောင့်

ဘ၀ဟာ သုညတွေ ထပ်ထပ်ဖြစ်စေပါလိမ့်မယ်
ပြိုင်ချင်ရာ ပြိုင်ကြပါ
'' ငါ '' ဆိုတာကြီးကို ပုံကြီးချဲ့ မပြသချင်တော့ဘူး
ဒါကို ခဏထက် တစ်ခန်းရပ်ပစ်လိုက်ချင်တာပါ
တစ်ယောက်တည်း ရတဲ့
ပထမဟာလည်း ငါ့အတွက် အဓိပ္ပာယ်အများကြီး
ရှိနေပြီးသားပဲ


ပြောပြော မပြောပြော
ပြောသင့်သလောက်ပဲ ငါပြောတော့မယ်
လုပ်လုပ် မလုပ်လုပ်
လုပ်သင့်သလောက် ထက် ငါမပိုချင်တော့ဘူး
ရှိရှိ မရှိရှိ ရှိသင့်သလောက်တော့
ငါ့မှာရှိနေစေရမယ်
သိသိ မသိသိ သိသင့်သလောက်တော့
ငါသိခဲ့တယ်
သွားသွား မသွာသွား ရောက်သင့်တဲ့ ခရီးအတွက်
ငါနောက်မကျစေခဲ့ပါဘူး
ဖြစ်ဖြစ် မဖြစ်ဖြစ်
ဖြစ်သင့်သလောက်တော့ ငါဖြစ်ခဲ့ပါတယ်


ရေးရေး မရေးရေး
ငါ့ဒိုင်ယာရီအတွက် ငါ့မှတ်တမ်းဟာ
ငါ့ကြောင်းတွေပဲ ထပ်ရေးထားတာ မဖြစ်စေရပါဘူး........။

မှတ်ချက်။ ။ ဒီနေ့ မော်ဒန်ကဗျာ မရေးတော့ပါဘူး
တာရာမင်းဝေ မင်းခိုက်စိုးစန် တို့လည်း ဒီစကားလုံးတွေကိုပဲ
ဒီလိုကာရန်ပြောင်းလဲ ကဗျာရေးဖွဲ့ကြတာပါပဲ....။




No comments:

Post a Comment