စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Sunday, October 9, 2011

♣ ရန်ကုန် = Yangon ..........



တစ်နာရီ မိုင် ၃၀ ထက်မပိုရ
မြန်ချင်ရင် i.t ခေတ်နဲ့ မာရသွန်ယှဉ်ပြေးကြပေါ့


ကားမောင်းနေတာလား?
နွားမောင်းနေတာလား?
ကိုယ့်ကိုကိုယ် မောင်းနှင်ရတာက ပိုခက်တယ်လို့ 
ကျနော်ထင်တယ်


တစ်ယောက်ဆင်း တစ်ယောက်တက် ခရီးသည်တွေ
ဘယ်အထိသွားကြမှာလဲဗျာ?
ထိုင်စောင့်နေတာကောင်လား?
ထသွားတာက အကျိုးရှိနိုင်မလား?
shortcut တွေအားလုံးကို
ပြောင်းပြန်လှန်ပြီး
computer ရဲ့ ကီးဘုတ်ခလုတ်တွေကို
နှိပ်ပစ်လိုက်ပါ
ဘာတွေ ဖြစ်လာမလဲ?
E=MC² လား?

22/7 π = ကရောဘာလဲ?

the mathematical constant π PI.svg
ရလေလိုလေ အိုတစ္ဆေလား?
အဖော်လိုချင်တဲ့ ပုတ်သင်ညိုကတော့
ခေါင်းမညိတ်ရှာပါဘူး
AIDS ကတော့ ဖြေစရာမလိုတဲ့
အမေးပုစ္ဆာတွေကို အဖြေမရှာပဲ တွက်ချက်ပေးလိမ့်မယ်
ငါလည်း graduate တစ်ခုလောက်တောင်
မပိုင်ဆိုင်ခဲ့ဘူး
မျိုးဆက်သစ်အတွက်တော့
ချန်လှန်ပေးထားခဲ့နိုင်တာတွေတော့
ရှိခဲ့ပါပြီ


message တွေ message တွေ
message တွေ message တွေ message တွေ message တွေ message တွေ
ကျနော်ဘေးနားက message တွေကို
ကျနော် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ လုပ်ပစ်ခဲ့တယ်
ဘာတွေလဲကွာ ဘာတွေ ပြောချင်ကြတာလဲ?
အရည်မရ အဖတ်မပါ message တွေကို
နည်းပညာသဘောတရားမပါပဲ ငါချက်စားလိုက်မိတော့မယ်နော်
နားတွေလည်းရှုပ်
မျက်စိတွေလည်း ငြီးနေခဲ့ပြီ
ဘာကျန်သေးလဲ?
မျက်နှာအတွက်ထားစရာတစ်နေရာပ
ကျနော် လိုချင်ပါတော့တယ်


ကျနော်နေ့တိုင်းရေးချချင်နေတဲ့
modern ကဗျာတိုင်းက
ခပ်ရင့်ရင့်စာသားတွေနဲ့
ပေးစားခိုင်းနေတယ်ဗျ
ဆဲသလိုလည်း
ကျနော်မပြောတတ်ပါဘူး
ဖြဲသလိုလည်း ကျနော်မနေပါရစေနဲ့
ယဉ်ကျေးမှုရှိတိုင်း
ထိုင်ရှိခိုးနေရမယ်လို့ မဆိုလိုတာပါ....။


Friday, October 7, 2011

♣ မရယ်ရ မငိုရ လောက..........

http://d21c.com/walpurgis9/happies/faces/065.gif

ခုနှစ်ခါလဲကျခြင်းအတွက်
ရှစ်ခါပြန်ထခြင်းတွေ
ငါ့အတွက် နောက်ကျပါစေ

မကူညီချင်နေပါ.......
မကဲ့ရဲ့ကြပါနဲ့လောကရဲ့မာယာ
သင်ခန်းစာမပါပါ

ပါးစပ်နှစ်ပေါက်ရှိသူတွေရဲ့
နှုတ်ဖျားကစကား
ဘယ်တော့မှ မချိုသာစေရဘူး

လောကဓံကြောင့်လည်း
နှစ်ခါမသေစေရဘူး

အရေးကြီးတာ နောက်ဆုံးတစ်နေ့ဖြစ်သော
ငါ့နာမည်ကိုသဂြုင်္ဟ်တဲ့နေ့မှာတောင်
ငါ့ဟာ မလွင့်ပျယ်မပျောက်ကွယ်သော
မဆုံးသောတေးသွားတစ်ပုဒ်နဲ့
နှုတ်မဆက်ခြင်း ငါ့ရဲ့သီချင်းတွေကို
နောက်ကမ္ဘာအတွက်ချန်ထားပေးခဲ့ ဦးမှာပါ..........။

http://d21c.com/walpurgis9/happies/faces/004.gif

Thursday, October 6, 2011

♣ ကကြိုးကြောင့် ရုပ်သေးရုပ် ကြိုးမရှုပ်စေရ....( ဗန်ဂိုးသို့.../ )



ဘောင်ခတ်မပေးထားသော ပန်းချီကားတစ်ချပ်ရဲ့
အသက်ဟာ အတ္တကင်းတယ်ဆိုတဲ့ ငါ့အနုပညာကို
ညီမျှခြင်းချပေးတာနဲ့ သဏ္ဍာန်တူပါတယ်
ရောက်အောင်သွားးနေဆဲပါ
ရောက်အောင်လည်းသွားနေပါတယ်
လမ်းတစ်ဝက်ကတော့ ငါလှည့်မပြန်ခဲ့ချင်တော့ပါဘူး
မငိုလို့မရဘူး
မရယ်လို့မရဘူး
မပြုံးလို့မရဘူး
မမုန်းလို့မရဘူး
မချစ်လို့မရဘူး
ဒါ............
အနုပညာကန့်သတ်ချက်မှမဟုတ်တာ....
ခု.....ငါ့ပန်းချီကားထဲမှာ တော့
စက်ရုပ်ဆန်ဆန် ကောင်မလေးတစ်ယောက်ရဲ့
နှလုံးသားကို
ရင်းနှီးမြှုပ်နှံ ရှိုက်သွင်း သရုပ်ဖော်ပေးထားတယ်
လေပြည်တွေက ပန်းရိုင်းဆူးခက်တွေကို
သောက်သုံးနေကြတယ်
တိမ်တွေကိုကျတော့ အရောင်ခပ်ညစ်ညစ်တွေကိုသုံးပြီး
ငါ ဆေးချယ်ခဲ့တယ်
သေခြင်းတရားနဲ့ဒဏ်ရာပရပွရရှိစေခြင်းကိုတော့
လရောင်နဲ့ ကုစားပေးခဲ့တယ်
နေမင်းကြောင့်ရတဲ့ စွမ်းအားနဲ့
ဒုက္ခကို ကြောက်နေကြသူတွေအတွက်
ဆေးအဖြစ် ငါကိုယ်တိုင်ဖော်စပ်ပေးခဲ့တယ်
နတ်ဆိုးတွေကိုမောင်းထုတ်ပစ်ခဲ့တယ်
သမ္မာကျမ်းစာကို ငါဖတ်မပြခဲ့တော့ဘူး
အခန်းကြီး အခန်းငယ်တွေကြောင့်
ပြည့်နှက်နေတဲ့ စာမျက်နှာတွေအားလုံးကို
ဘုရားသခင်အတွက် ငါ့ လက်ဆောင်အဖြစ် ငါ ပြန်ပေးခဲ့တယ်
နောက်ပြီးတော့....
ပျောက်အံ့ဆဲဆဲ ကမ္ဘာဦးတေးသွားသီချင်းကိုတော့
အသက်မကြီးသေးတဲ့ အဖိုးအိုသုံးယောက်က
တယော တစ်ယောက်တစ်လက်စီနဲ့
ကမ္ဘာမကြေ.....ဟု ကြွေးကြော်နှုတ်ဆက်ခဲ့ကြတယ်
လက်နှစ်ဘက်စီကနေ ပွင့်ခိုင်းခဲ့ကြတယ်
ချရေးပြသလို့ မရတဲ့ အနုပညာကို
ကျနော်တို့ ရင်ဘတ်နဲ့ မှန်းဆတန်ဖိုးဖြတ်ကြည့်ခဲ့ကြသေးတယ်
အိုး...............များလိုက်တဲ့ ကိန်းဂဏန်းတွေ
ကျနော်တို့ နှစ်ယောက်လုံး သုညတွေကို ရေတွက်လို့
မဆုံးခဲ့တော့ပါဘူး
အဲဒီ ညလိုလို နေ့တစ်ခုကပေါ့
ဒီလိုနဲ့ ...........
ခု.... ငါ ရေးလက်စ...ရေးနေဆဲ... ရေးလတ္တံ့ သော
ပန်းချီကားလေးဟာ............................။

Wednesday, October 5, 2011

♣ တစ်ယောက်တည်းရတဲ့ ပထမကိုပဲ ငါလိုချင်တယ်.............



အတ္တ ရဲ့ စေစားမှုတွေကြောင့်

ဘ၀ဟာ သုညတွေ ထပ်ထပ်ဖြစ်စေပါလိမ့်မယ်
ပြိုင်ချင်ရာ ပြိုင်ကြပါ
'' ငါ '' ဆိုတာကြီးကို ပုံကြီးချဲ့ မပြသချင်တော့ဘူး
ဒါကို ခဏထက် တစ်ခန်းရပ်ပစ်လိုက်ချင်တာပါ
တစ်ယောက်တည်း ရတဲ့
ပထမဟာလည်း ငါ့အတွက် အဓိပ္ပာယ်အများကြီး
ရှိနေပြီးသားပဲ


ပြောပြော မပြောပြော
ပြောသင့်သလောက်ပဲ ငါပြောတော့မယ်
လုပ်လုပ် မလုပ်လုပ်
လုပ်သင့်သလောက် ထက် ငါမပိုချင်တော့ဘူး
ရှိရှိ မရှိရှိ ရှိသင့်သလောက်တော့
ငါ့မှာရှိနေစေရမယ်
သိသိ မသိသိ သိသင့်သလောက်တော့
ငါသိခဲ့တယ်
သွားသွား မသွာသွား ရောက်သင့်တဲ့ ခရီးအတွက်
ငါနောက်မကျစေခဲ့ပါဘူး
ဖြစ်ဖြစ် မဖြစ်ဖြစ်
ဖြစ်သင့်သလောက်တော့ ငါဖြစ်ခဲ့ပါတယ်


ရေးရေး မရေးရေး
ငါ့ဒိုင်ယာရီအတွက် ငါ့မှတ်တမ်းဟာ
ငါ့ကြောင်းတွေပဲ ထပ်ရေးထားတာ မဖြစ်စေရပါဘူး........။

မှတ်ချက်။ ။ ဒီနေ့ မော်ဒန်ကဗျာ မရေးတော့ပါဘူး
တာရာမင်းဝေ မင်းခိုက်စိုးစန် တို့လည်း ဒီစကားလုံးတွေကိုပဲ
ဒီလိုကာရန်ပြောင်းလဲ ကဗျာရေးဖွဲ့ကြတာပါပဲ....။




Monday, October 3, 2011

♣ ချပြခွင့်မရှိသေးတဲ့ အနုပညာကို ငါကိုင်ပေါက်ပစ်လိုက်တယ်.................

 

ခြေတစ်လှမ်းတိုင်းအတွက် အစစအရာရာ တိုင်းကို ကြိုဆိုနေဖို့ ငါ့အတွက် မလိုအပ်တော့ပါဘူး


ချပြခွင့်မရှိသေးတဲ့ အနုပညာကို ငါကိုင်ပေါက်ပစ်လိုက်တယ်

အားလုံး ဘယ်သူမှ မငိုကြပါနဲ့

တကယ်တမ်းကျတော့ ဘာမှ မသိသေးတဲ့ အရာတွေဟာ အနုပညာဆိုတဲ့ ဂုဏ်ဒြပ်ကြီးတစ်ုမှာ အများကြီး ကြီးစိုးနေတယ်လေ

ပန်းချီခြယ်ဖို့အတွက် အရှုံးတွေ ငါမလိုအပ်တော့ဘူး

မဂ္ဂဇင်း မဖတ်တတ်တော့ဘူး

ဝတ္ထုတွေကို စိတ်ပျက်လာတယ်


ရုပ်ရှင်ကို မုန်းပစ်........................

နောက်ဆုံး ငါ့ ကို ငါ ပါ ဘာမှ မသိစွာ ဘ၀ကို ဖြတ်သန်းပစ်လိုက်ဖို့ပဲ ကျန်တော့တာပါ..................။





Sunday, October 2, 2011

♦ သေခြင်းတရား၏အခြားမဲ့၌.....





♦ မိတ်ဆွေ
ငါ့အနားကဖြတ်လျောက်သွားတဲ့ အခါ သတိပြုလိုက်စမ်းပါ
ငါလည်း တချိန်တုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဘူးတာပါပဲ
မင်းလည်းတစ်နေ့ကျရင် အခုငါ့လိုဖြစ်လာမှာပါ
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့
နေမ၀င်ခင်ရိက္ခာပြင်ပါ....။
♦ အနိစ္စ ဒုက္ခ အနတ္တ 



နိဗ္ဗာန်ဆိုသည်မှာ
နိဗ္ဗာန်သည် စိတ်ကူးယဉ် သဘောတရားတစ်ခု မဟုတ်ပေ။ ယင်းသည် မည်သည့်
လောကီအာရုံနှင့်မျှ နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သည့် အဆုံးစွန်သော
ပြီးပြည့်စုံမှု တစ်ရပ်သာ ဖြစ်သည်။ နိဗ္ဗာန်ဟူသည်
မည်သို့သောအရာဖြစ်သည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို
ရှင်းလင်းစွာနားလည်ရန် မဖော်ပြနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် ပထမအကြောင်းမှာ အသုံးပြုသည့် ဘာသာစကား၏
ကန့်သတ်ချက်ကြောင့်ဖြစ်ပြီး၊ ဒုတိယအကြောင်းမှာ စာရေးသူကိုယ်တိုင်
နိဗ္ဗာန်၏အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ရန် လုံလောက်သည့် ကျင့်ကြံအားထုတ်မှု
မရှိသောကြောင့် ဖြစ်နိုင်သည်။
ပွါးများအားထုတ်ခြင်းမရှိဘဲ မည်သည့်ဘာသာစကားဖြင့်မဆို နိဗ္ဗာန်၏
အဓိပ္ပါယ်မှန်ကို အပြည့်အစုံ ဖော်ဆောင်နိုင်မည်မဟုတ်ချေ။
အဓိပ္ပါယ်ဖွင့်ဆိုရုံမျှသည် တခါတရံ၌ ဖတ်ရှုလေ့လာသူများအား
အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူလျက် မှားယွင်းခြင်းဆီသို့ ဦးတည် သွားသည်။
နေ့စဉ်ဘ၀၌ ဆက်သွယ်ရေးအတွက် လူတို့သည် ဘာသာစကားကို အသုံးပြုကြရသည်။
ဘာသာစကားမရှိဘဲ တွေ့ကြုံသိရှိမှု တစ်စုံတစ်ရာကို မရှင်းပြနိုင်ချေ။ အရသာ၊
ခံစားမှု၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု စသည်ကို ထုတ်ဖော်ပြောဆိုရန်
စကားလုံးများ လိုအပ်သည်။
သို့ရာတွင် နိဗ္ဗာန်၏ အဓိပ္ပါယ်ကိုမှု စကားလုံးမျှဖြင့် အဓိပ္ပါယ်ဖော်ပြရန်
မဖြစ်နိုင်ချေ။ အကြောင်းမှု ဘာသာစကားဟူသည်ပင် အမည်နာမ တစ်ခုမျှသာ
ဖြစ်သောကြောင့်တည်း။ ဓမ္မအရသာနှင့် နိဗ္ဗာ၏ အနှစ်သာရကား အဆုံးစွန်
ပရမတ္ထတရားဖြစ်၍ ဘာသာစကား၏ နယ်နိမိတ်ကို ကျော်လွန်သည်။
ဗုဒ္ဓ၀ါဒရှုထောင့်အရမှု အစစ်အမှန်တရား၌ အမည်သတ်မှတ်မှုမရှိ၊ ဘာသာ စကားမရှိ။
နိဗ္ဗာန်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်း အမှန်အတိုင်းဆုံးဖြတ်ရန်
လုံလောက်စွာ မရှင်းလင်းနိုင်ကြသောကြောင့် ဗုဒ္ဓ ဘာသာမဟုတ်သူ
ပညာရှင်အချို့က နိဗ္ဗာန်ကို " နတ္ထိက၀ါဒ = ဘ၀ဆုံးပြတ် ချုပ်ငြိမ်းဝါဒ "
အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုပန်း ခဲ့ကြသည်။
၎င်းအဆိုအရ နိဗ္ဗာန်ဟူသည် လုံးဝ ဘ၀ချုပ်ငြိမ်းပြတ်စဲသွားခြင်း
ထက်ပို၍
ဘာမျှအထူးအဓိပ္ပါယ်မရှိဟု ဆိုသည်။ သို့သော် အဆိုပါ
ဘ၀ချုပ်ငြိမ်းပြတ်သွားမှုဝါဒမှာ ဗုဒ္ဓ၀ါဒ၏ မူရင်းရည်ရွယ်ချက် မဟုတ်ချေ။
များစွာ ဆန့်ကျင်နေကြောင်း တွေ့ရသည်။ ထို့အပြင် တစ်ချို့က နိဗ္ဗာန်ကို
သုညတ ( ဆိတ်သုံးခြင်း ) ဟုလည်း အဓိပ္ပါယ် ဖွင့်ဆိုထားသည်များလည်း ရှိသည်။
၎င်းအရ အရာ ခပ်သိမ်းမှာ သုညတဖြစ်ပြီး သက်ရှိ၊ သက်မဲ့အားလုံးသည် သုညတဖြစ်သည်။
နိဗ္ဗာန်တွင် ရုပ်၊ နာမ်ခန္ဓာ(၅)ပါး ဘာမျှ မရှိဟု ဆိုရာ၌ အချို့သော
ဗုဒ္ဓဘာသာဝင်များသည် နိဗ္ဗာန်သို့ သွားရမည်ကိုပင် စိုးရွံ့ သလိုလို
ဖြစ်နေကြသည်။ သူတို့သည် ကောင်းမွန်သော ခံစားမှုများကို လိုချင်သည်။
ယခုကဲ့သို့ ကောင်းတာများကို ခံစားတတ် သော ဘ၀များကို ထပ်လိုချင်သေးသည်။
နိဗ္ဗာန်သို့ ရောက်သွားပါက အားလုံးပြီးဆုံးသွားမည်ဟူသော အဖြစ်မျိုးကို
သူတို့ မလိုချင်သေးပေ။ သူတို့သည် မျက်စိလေးလည်း ရှိချင်သေးသည်၊
မျက်စိရှိမှ လှတာလေးတွေ မြင်နိုင်ဦးမည်။ လှတာလေးတွေလည်း
မြင်ချင်ကြသေးသည်။ နားလည်းရှိချင်သေး သည်၊ နားရှိမှာ
အသံသာသာယာယာလေးတွေလည်း ကြားနိုင်မည်။ ကြားလည်း ကြားချင်ကြသည်။ အလားတူ ပင်
သူတို့သည် တစ်ခုခုကို ရှိစေချင်နေသည်။
ထိုကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အစရှိသည့် ရုပ်၊
နာမ်ခန္ဓာတွေ ဘာမျှမရှိဆိုသည့်အခါ နိဗ္ဗာန်သည် ဘာများ ပျော်ရွှင်စရာများ၊
ကောင်းမွန်သော ခံစားမှုများ ရှိအံ့နည်း။ လိုချင်ဖွယ် မရှိတော့။ ထိုသို့သော
သူများအား အိပ်ပျော်နေသော ဘုရင်ကြီး တစ်ပါး၏ ဥပမာဖြင့် ရှင်းပြထားဖူးသည်။
ပင်ပန်းသည့် ခရီးရှည်မှ ရောက်ပြီးနောက် တစ်နေကုန်အိပ်မောကျနေသော
ဘုရင်တစ်ပါးရှိသည်။ ၎င်းအိပ်မောကျနေစဉ် အခြွေ အရံများက ညစာအတွက်
အရသာအရှိဆုံး အစားအစာနှင့် ဇိမ်ကျသည့် ထိုင်ခုံစားပွဲများ၊ တီးမှုတ် ကခုန်
ဖျော်ဖြေမည့် မောင်းမ၊ မိဿံများ ကို ပြင်ဆင်ထားသည်။
စားဖွယ်၊ သောက်ဖွယ်တို့ဖြင့် အဆင်သင့်ဖြစ်သောအခါ ဘုရင်ကြီးအား
နှိုးတော်မူလေ၏။ အခြွေအရံများ၏ အပြုအမူကြောင့်
ဘုရင်ကြီးနှစ်သက်ခံရမည့်အစား မိမိကိုယ်နှိုးသည့်အတွက် ၎င်းတို့အား ဘုရင်က
ကြိမ်းမောင်းသည်။ ထိုအခါ အခြွေအရံများက အရှင်မင်းကြီး၊ အဘယ်ကြောင့်
ကျွန်ုပ်တို့ကို စိတ်ဆိုးပါသနည်း။
အမှန်စင်စစ် ကျွန်ုပ်တို့သည် အရသာအရှိဆုံးအစားအစာဖြင့် ( ပြင်ဆင်ထားသည့်
) ဤညစာအတွက် နှိုးရခြင်း ဖြစ်ပါသည်။
အမှန်စင်စစ် အရှင်မင်းကြီး အိပ်မောကျနေခြင်းသည် ပျော်ရွှင်ခံစားမှုနှင့်
မသက်ဆိုင်ဘဲ ခံစားမှုမရှိသဖြင့် အိပ်မောကျနေခြင်း၌ ပျော်ရွှင်မှု
မရှိနိုင်ပါ ဟုလျှောက်ထားကြသည်။
သို့ရာတွင် ငါ့ရဲ့အိပ်မက်မဲ့ အိပ်ပျော်မှုသည် အရသာမရှိသော်လည်း
မောင်မင်းတို့ အရသာမွန်ထက် ငါပိုပြီး နှစ်ခြိုက်သည်။
ထိုပုံပြင်အား နမူနာယူခြင်းအားဖြင့် အာရုံခြောက်ပါးလုံး၌ မခံစားပဲ
လွတ်နေခြင်းသည် အာရုံခြောက်ပါးလုံးကို ခံစားခြင်းထက် သာလွန်မှု ရှိသည်ကို
သိရှိနိုင်သည်။
နိဗ္ဗာန်ပုဒ်၏ အတိကျဆုံးနှင့် အခိုင်လုံဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
ဘ၀ဆုံးပြတ်ချုပ်ငြိမ်းသွားခြင်း မဟုတ်ချေ။ အကြွင်းမဲ့ လွတ်မြောက်မှု၊
မည်သည့်အရာနှင့်မျှ ဖော်ညွှန်းခွင့် မရှိသည့် လွတ်မြောက်မှု ဖြစ်သည်။
တစ်ချို့သော မဟာယာနဗုဒ္ဓဘာသာများ၏ အယူအဆတွေမှာ သူတို့က နိဗ္ဗာန်ဆိုတာ
နေရာဌာန တစ်ခုရယ်လို့ ယုံကြည်ထား ကြတယ်။
ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ကို ကိုးကွယ်သူတွေ လက်ခံထားတဲ့ ထာဝရ
အသက်ရှင်ရာ ကောင်းကင်ဘုံနဲ့သဘောချင်းအတူ တူပါပဲ။ အနောက်အရပ်မှာ
တည်ရှိပြီး အမြဲတမ်းရှင်သန်နိုးကြား သက်ရှိထင်ရှား စံပယ်တော်မူနေတဲ့
အာဒိဗုဒ္ဓလို့ခေါ်တဲ့ ထာဝရ ဘုရားသခင်ကြီး ရှိနေတယ်လို့ ယုံကြည်ထားကြတယ်။ (
သွ်မ္ဘဲလား )
အဲဒီ ထာဝရဘုရားသခင် တည်ရှိရာဌာနမှာ အတူရှိနေတဲ့ ဘုရားအလောင်း
ဗောဓိသတ္တတွေ၊ ၀ိဇ္ဇာဓိုရ်တွေရဲ့ လမ်းညွှန်ချက် အတိုင်း
ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် ဘယ်သောအခါမှ သေဆုံးပျောက်ပျက်ခြင်း မရှိတဲ့
ထာဝရ အသက်ကို ပိုင်ဆိုင်ကြမယ်။
ဒီလို ထာဝရအသက် ပိုင်ဆိုင်သူများဟာ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိတဲ့ ထာဝရ
ဘုရားသခင် စံပယ်တော်မူနေရာ နယ်မြေ ဒေသထဲကို ၀င်ခွင့်ရသွားမယ်လို့
ယုံကြည်ထားကြတယ်ဗျ။
ဂန္ဓာရီသမားတွေရဲ့ စကားနဲ့ ပြောရရင် အရှင်ထွက် ထွက်သွားတယ်ပေါ့။
ဂန္ဓာရီလမ်းလိုက်သူ အတော်များများဟာလောကီသိဒ္ဓိတွေ ပြီးမြောက်ပြီး
သျှမ်ဘဲလား ဆီ အရှင်ထွက်ထွက်သွားနိုင်ဖို့ ကြိုးစားကြတာပဲ။
ဗုဒ္ဓအဘိဓမ္မာအရဆိုရင် ဘယ်သတ္တ၀ါမှ လောကရဲ့ နိယာမတရားတွေကို
လွန်ဆန်နိုင်စွမ်းမရှိကြပါဘူး။
နိယာမ ငါးပါးထဲက ဗီဇနိယာမနဲ့ အညီ လူရယ်လို့ ဖြစ်လာရင် လူ့သက်တမ်းစေ့သာ
နေခွင့်ရပြီး အချိန်တန်ရင် ကွယ်လွန်အနိစ္စ ရောက်ကြရမှာပါပဲ။ လူ့သဘာဝကို
ကျော်လွန်ပြီး ထာဝရရှင်သန်ဖို့ ကြိုးစားနေကြတဲ့ လုပ်ရပ်ကတော့ ထေရ၀ါဒ
ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင် အချည်းအနှီး အဓိပ္ပါယ်မဲ့တဲ့ စိတ်ကူးယဉ်မှု
တစ်ခုပါပဲ။
ဒါဆို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ မျှော်မှန်းတဲ့ အို၊ နာ၊ သေ ဘေးကင်းရာ
နိဗ္ဗာန်ဆိုတာကရော စိတ်ကူးယဉ်ရာ မရောက်ပေ ဘူးလား။ မရောက်ပါဘူး။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်တာဟာ ထာဝရအသက်ကို
ရဖို့ မဟုတ်သလို ထာဝရ သုခနယ်မြေထဲကို ရောက်သွားဖို့လည်း မဟုတ်ပါဘူး။
ဒါဆို ဘာလဲ။ စစ်မှန်တဲ့ အသိတရားတစ်ခုကို သိမြင် လိုက်တဲ့အတွက်
အယူအမြင်စင်ကြယ်မှု ဖြစ်သွားတာနဲ့ တပြိုင်နက် အကျိုးဆက်အဖြစ် လောဘ၊ ဒေါသ၊
မောဟတရားတွေ ချုပ်ငြိမ်းသွားပြီး လွတ်မြောက်မှုရသကို ခံစားလိုက်ရတာပဲဗျ။
ဥပမာ-
လူတစ်ယောက်မှာ ပြည်တန်ပတ္တမြားတစ်လုံး ရှိနေတယ်ဆိုပါတော့
အဲဒီပတၱျမားႀကီးကို သူမ်ားခိုး၀ွက္လုယူသြားမွာ မစိုးရိမ္ဘူးလား။
စိုးရိမ်မှာပေါ့။ အဲဒီလို ငါ့ပတ္တမြားကြီး သူများတွေ လာလုလေမလား၊
ခိုးသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိန်းသိမ်းထားနေရ ချိန်မှာ
အဖြစ်မှန်ကိုသိတဲ့ အခြားလူတစ်ယောက် ရောက်လာပြီးတော့ စိုးရိမ်မနေပါနဲ့ဗျာ၊
ခင်ဗျားရဲ့ ပတ္တမြားက အစစ်မဟုတ်ပါဘူး၊ အတုကြီးပါ၊ ဘာမှ မက်လောက်စရာ
မရှိပါဘူး လို့ လာပြောရင် ပိုင်ရှင်လုပ်တဲ့သူက ဒီပတ္တမြားတုကြီးအတွက်
စိုးရိမ်သောကတွေ ရှိပါအုံးမလား။ ဘယ်စိုးရိမ်တော့မလဲ။
ပတ္တမြားက အတုကြီးမှန်း သိလိုက်ရတော့ မက်မောတွယ်တာစိတ်တွေလည်း
မရှိတော့ဘူး၊ ပျက်စီးဆုံးရှုံးမှာလည်းမကြောက် တော့ဘူး၊
ဝန်ထုပ်ကြီးတစ်ခုကျသွားသလို ပေါ့ပါး လွတ်မြောက်လာမှာ အမှန်ပဲ။ ဒါဟာ
အမှန်ကို သိခြင်းအားဖြင့် လွတ်မြောက် ခြင်းဆိုတဲ့ အကျိုးဆက်ကို
ရရှိခံစားလိုက်ရတာပဲ မဟုတ်လား။
ဒီသဘောအတိုင်းပါပဲ၊ သတ္တ၀ါတွေဟာ မိမိတို့ကိုယ်ကို အစိုးရမှု မရှိဘဲ
သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေခြင်း သက်သက်ပါပဲ လား။ ငါရယ်၊ သူရယ်၊
မိန်းမရယ်လို့ ပညတ်ချက်တွေဟာ တကယ်တော့ ဘာမှ မရှိပါဘားဆိုတာ သိသွားပြီးရင်
မိမိကိုယ်ကို တွယ်တာငဲ့ကွက်တဲ့ စိတ်တွေ ရှိပါဦးမလား။ ဘယ်ရှိတော့မလဲ။
ဒီလိုတွယ်တာငဲ့ကွက်စိတ်တွေ မရှိတော့ရင် ငါအိုသွားမှာ၊ ငါနာလာမှာ၊
ငါသေရမှာကို တွေးတောပြီး ပူပင်သောက ရောက်စရာ ရှိပါဦးမလား။ ငါဆိုတာ
မရှိမှန်း ကိုယ်တွေ့သိမြင်လိုက်ရပြီဆိုရင် ဒီခန္ဓာကိုယ်ကြီး အိုမှာ၊
နာမှာ၊ သေမှာ မကြောက်တော့ဘူးပေါ့ဗျာ။
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ သဘာဝတရားတွေက " ငါ " ဆိုတာ
မရှိမှန်းသိထားတဲ့ လူတစ်ယောက်ကို မချောက်ချား စေနိုင်တော့ဘူးပေါ့။
ကဲ ဒါဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ လွတ်မြောက်သွားတာပဲ
မဟုတ်လား။ ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့မှ
လွတ်မြောက်ရာရယ်လို့ တင်စားခေါ်ဝေါ်ကြတာကိုး။ ဒါကြောင့်
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရား
ကျင့်ကြံအားထုတ်ကြတယ်ဆိုတာဟာ ပြည်တန်ပတ္တမြားလို့
မိမိထင်မှတ်မှားနေတဲ့အရာဟာ ဘာမှတန်ကြေးမရှိတဲ့ ကျောက် နီတုံး
တစ်ခုသာဖြစ်ကြောင်း မှန်ရာကို အရှိအတိုင်း သိမြင်လာအောင်
ဝေဖန်ဆန်းစစ်ကြတာနဲ့ အလားသဏ္ဍာန်တူပါတယ်။
နိဗ္ဗာန်ဟူသည်ကို ဗုဒ္ဓဘုရားရှင်များ၊ ပစ္စေက ဗုဒ္ဓများနှင့် ဗောဓိဥာဏ်ကို
ရရှိပြီးသည့် ဗုဒ္ဓ၏ တပည့်သာဝကများသာ နားလည်နိုင် သည်။ ဥပမာဆိုရသော်
နိဗ္ဗာန်ဟူသည် ငရုပ်သီးနှင့် ပမာတူ၏။ ငရုပ်သီးကို မစားလျှင် ( သို့မဟုတ် )
စားသည့် အချိန်မတိုင်မီ အထိ ယင်း၏ အရသာကို မသိနိုင်ပေ။
အလားတူပင် နိဗ္ဗာန်ဟူသည်ကို လက်တွေ့ခံစားဖူးမှသာလျှင် ပြည့်စုံစွာ
နားလည်နိုင်သည်။ ဗုဒ္ဓ၀ါဒအရ ဤဘ၀နောက်တွင် သတ္တ၀ါတစ်ယောက်အနေဖြင့်
နေထိုင်ရန် နေရာဌာန သုံးဆယ့် တစ်မျိုးရှိသည်။ နိဗ္ဗာန်ဟူသည်
ထိုဘုံဌာနသုံးဆယ့်တစ်မျိုးမှ လွတ်မြောက်သောတရားထူးဖြစ်သည်။ နိဗ္ဗာနဟူသော
ဝေါဟာရဖြင့် ပါဠိဗုဒ္ဓဘာသာတွင် တခါတရံ နောက်ဆုံးလွတ်မြောက်မှု ၀ိမုတ္တိဓမ္မ
(ဒုက္ခအလုံးစုံ လွတ်မြောက်ခြင်း) အဖြစ် ဖော်ပြကြသည်။
အဘိဓမ္ပတ္ထသင်္ဂဟကျမ်း၌ နိဗ္ဗာန်ကို ပရမတ္ထဓမ္မလေးပါးတွင်
ထည့်သွင်းဖော်ပြခဲ့သည်။ " ပရမတ္ထ "ဟူသော ဝေါဟာရ၌ " ပရမ "နှင့် " အတ္တ "
ဟုပုဒ်နှစ်ခုပါသည်။ " ပရမ " ဟူသည် မဖောက်ပြန်သော၊ အမြင့်ဆုံးဖြစ်သော၊
နောက်ဆုံးဖြစ်သောဟု အဓိပ္ပါယ်ရသည်။
" အတ္ထ " ဟူသည် အစစ်အမှန်တရားဖြစ်ပြီး " ဓမ္မ "ဟူသည် အရည်အသွေး၊ သဘာဝ
သို့မဟုတ် အရာဝတ္ထု ဖြစ်သည်။
သို့ဖြစ်၍ " ပရမတ္ထဓမ္မများ " ဟူသည် မဖောက်ပြန်သည့် ကိုယ်ပိုင်သဘာဝနှင့်
တည်ရှိနေသော အရာများ သို့မဟုတ် သဘာဝတရားများဟု ဖြစ်သည်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလိုအရ ပရမတ္တတရားများတွင် စိတ်၊ စေတသိက်၊ ရုပ်နှင့်
နိဗ္ဗာန်ဟု တရားအစုလေးခု ပါရှိသည်။
ယင်းလေးမျိုးအနက် ပထမ သုံးမျိုးမှာ
သင်္ခါတ(ဖြစ်ပျက်တတ်သော)တရားများဖြစ်ပြီး၊
နိဗ္ဗာန်မှာအသင်္ခတ(ဖြစ်ပျက်မဲ့)တရား ဖြစ်သည်။
ယင်းအရ နိဗ္ဗာန်ဟူသည် ဘ၀ဒုက္ခမှ နောက်ဆုံးလွတ်မြောက်သည့် အဆင့်ဖြစ်သဖြင့်
ဖြစ်ပျက်သဘောရှိသောဘ၀၌ ပါဝင်ခြင်း မရှိကြောင်း ဆိုလိုသည်။
ဝေါဟာရရင်းမြစ်အရ နိဗ္ဗာနဟူသောပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါနဟူသော
နှစ်ပုဒ်တို့ကို ဆက်စပ်ထားသော ဝေါဟာရဖြစ်သည်။
ဤနေရာ၌ နိ ဟူသည် မရှိခြင်း သို့မဟုတ် ထွက်ခွာခြင်း ( နိက္ခန္တတ္တာ )
ဖြစ်ပြီး၊ ၀ါန ဟူသည် တဏှာ ဖြစ်သည်။ ထို့ကြောင့် ၀ါန ဟုဆိုအပ်သော တဏှာ မှ
ထွက်မြောက်ခြင်း ဟု အဓိပ္ပါယ်ရသည်။ ပါဠိသဒ္ဒါပုံစံအရ ၀ါန ရှေ့၌ နောက်ထပ် "
ဝ " တစ်လုံးဆက်ထည့်ရသည်။ သို့ဖြင့် ၀ါန ပုဒ်သည် ၀ + ၀ါန = ၀ွါန ဟု
ဆက်စပ်ပုဒ်ဖြစ်လာသည်။
ယင်း ၀ွါန သည် သဒ္ဒါနည်းအရ ဗ္ဗာန ဖြစ်လာသဖြင့် နိ + ဗ္ဗာန သည် ပါဠိပုံစံကျ
နိဗ္ဗာန ပုဒ် ဖြစ်လာသည်။ တဏှာမှလွတ် မြောက်ခြင်းဟု အဓိပ္ပါယ်ရသည်။
သံယုတ္တနိကာယ်၊ နိဗ္ဗာနပဥသုတ် တွင် အရှင်သာရိပတ္တရာနှင့် ဇဗ္ဗုခါဒကပရိဗိုဇ်
တို့၏ အမေးအဖြေ၌မိတ်ဆွေ သာရိပုတ္တ၊ နိဗ္ဗာန် နိဗ္ဗာန်ဟု ဆို၏။
ယင်းနိဗ္ဗာန်ဟူသည် အဘယ်ပါနည်း။ ( မိတ်ဆွေ ဇမ္ဗုခါဒက )၊ ရာဂကုန်ရာ၊
ဒေါသကုန်ရာ၊ မောဟကုန်ရာကို နိဗ္ဗာန်ဟု ဆိုပါ၏။
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနမထေရ် တို့၏ အမေးအဖြေ၌
- အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်၊ ဖီလာအရပ်တို့တွင်
မည်သည့်အရပ်၌ နိဗ္ဗာန် ရှိပါသနည်း။
- ၎င်း အရပ်တို့တွင် နိဗ္ဗာန်တည်ရှိသည့်နေရာ မရှိပါ။
- မည်သည့်အရပ်တွင်မှ မတည်ရှိခဲ့လျှင် နိဗ္ဗာန်သည် မရှိသည်သာမက၊ နိဗ္ဗာန်ကို
သိမြင်ပြီးသူများသည်လည်း မှားယွင်းစွာ သိမြင်ခြင်းသာဖြစ်ကြောင်း
ငြင်းဆိုသည်။
အကယ်၍ နိဗ္ဗာန်ရှိသည်ဆိုလျှင် နိဗ္ဗာန်အတွက် နေရာတစ်ခုရှိရမည်။ သို့မဟုတ်ဘဲ
နိဗ္ဗာန်ဖြစ်ပေါ်ရန် နေရာမရှိဟုဆိုဘိမှု ထိုးထွင်းသိမြင်ရသော နိဗ္ဗာန်ဟူသည်
မရှိနိုင်။
- မင်းကြီး၊ နိဗ္ဗာန်ကို သိုမှီးသိမ်းဆည်းထားရန် နေရာမရှိပါ။ သို့တစေ
နိဗ္ဗာန်သည် တည်ရှိပါ၏။ ယောနိသော မနသိကာရဖြင့် မှန်ကန်စွာ
ကျင့်ကြံအားထုတ်သူသည် နိဗ္ဗာန်ကို သိမြင်၏။
မင်းကြီး၊ မီးကို ထိန်းသိမ်းထားမည့် နေရာ မရှိသော်လည်း မီးသည်တည်ရှိပါ၏။
လူတစ်ယောက် တုတ်ချောင်းနှစ်ခုကို ပွတ်တိုက်ပါက မီးကို ရရှိပါ၏။
- ဗုဒ္ဓရှင်တော်မြတ်တည်ရှိသေးပါသလား။
- တည်ရှိပါသည်။
- ရှိလျှင် ဗုဒ္ဓရှင်တော်မြတ်အား ညွှန်ပြပြီး ဤနေရာတွင် သို့တည်းမဟုတ်
ထိုနေရာတွင် ရှိသည်ဟု ဆိုနိုင်ပါသလား။
- ဗုဒ္ဓရှင်တော်မြတ်သည် ပဋိသန္ဓေတစ်ဖန်မွေးဖွားရန် အနာဂတ်ဘ၀ အကြွင်းအကျန်
မရှိတော့သော နိဗ္ဗာန ဓာတ်ဖြင့် ပရိနိဗ္ဗာန်စံသွားပြီး ဖြစ်၏။ နေရာ
ညွှန်ပြရန် မဖြစ်နိုင်ပါ။
- ဥပမာ ဧရာမမီးတောက်ကြီးတစ်ခုကို ငြိမ်းသွားသောအခါ ယင်းမီးတောက်ကို
ညွှန်ပြပြီး ဤနေရာ သို့တည်းမဟုတ် ထိုနေရာတွင် ရှိပါသည်ဟု ဆိုနိုင်ပါသလား။
ဗုဒ္ဓ၀ါဒဆွေးနွေးမှုသည် အကိုင်းလေးခုပါသည့် အဖြေမဲ့ပြဆိုခြင်းမျိုးဖြစ်သည်။
နိဗ္ဗာန်သည် တည်ရှိ၏ သို့မဟုတ် မတည်ရှိ သို့မဟုတ် တည်ရှိမတည်ရှိ
နှစ်မျိုးလုံး သို့မဟုတ် တည်ရှိသည်လည်းမဟုတ် မတည်ရှိသည်လည်း မဟုတ်။
နိဗ္ဗာနအယူအဆတွင် ယင်းသည် " တည်ရှိလျက် မတည်ရှိ( ရှိလျက်မရှိ ) " ဟူသော
ဝါကျ၌ ဒွိဟ အဓိပ္ပါယ် ပါရှိနေသဖြင့် ဤအဓိပ္ပါယ်လော၊ ထိုအဓိပ္ပါယ်လောဟူသည်ကို
လွယ်ကူစွာ နားမလည်နိုင်ချေ။
ထို့ကြောင့် နိဗ္ဗာန်၏ ရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်သည်
ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ရှေးဦး ဗုဒ္ဓဘာသာ ပညာရှင်တို့အား မယုံကြည်လိုသည့်
သံသယများကို ဖြစ်ပေါ်စေသည်။
၎င်းကို အဂ္ဂီဝစ္ဆသုတ်တွင် ရှင်းလင်း ဖော်ပြထားသည်။
အဂ္ဂီဝစ္ဆသုတ် ( ဘုရားရှင် နှင့် ၀စ္ဆအနွယ် ရှိတဲ့ ပုဏ္ဏားကြီး တစ်ယောက် အမေးအဖြေတွင် )
- အရှင် ဂေါတမ၊ ပပဉ္စချုပ်တဲ့ ကိုယ်တော် ( ခန္ဓာ ၅ ပါး ချုပ်သွားသူ၊
နိဗ္ဗာန် ရောက်သွားသူ ) ဘယ်နေရာကိုသွားသလဲ။
- ဘယ်သွားတယ်ရယ်လို့ မဟုတ်ပါဘူး ၀စ္ဆ။
- ဒါဆို ဘယ်မှ မသွားဘူးလား။
- ဘယ်မှ မသွားတာလည်း မဟုတ်သေးဘူး။
- ဒါဆို သွားတာ တချို့၊ မသွားတာ တချို့လား။( တချို့က သွားပြီး၊ တချို့က မသွားတာ )
- အဲဒီလိုလည်း မဟုတ်သေးဘူး။
- ဒါဆို သွားသည်လည်း မဟုတ်၊ မသွားသည်လည်း မဟုတ်လား။
- အဲဒါလည်း မဟုတ်သေးဘူး။
- အရှင်ဘုရား ၀ါဒကလည်း မေးသမျှ တစ်ခုမှ မဟုတ်ဘူးချည်း ပြောနေတာပဲ။
တပည့်တော်တော့ နားမလည်တော့ဘူး ဘုရား။
- ငါ့ရှင် နားလည်အောင် ဥပမာနဲ့ ပြောပြပေးမယ်။ ဟိုး မှာ မြင်နေရတဲ့
တောထဲမှာ လောင်တဲ့ မီးက ဘာမီးလဲကွယ့်။
- ဘာမီးလဲ ဆိုတော့ မြက်လောက် မြက်မီး၊ ၀ါးလောင် ၀ါးမီး၊ ထင်းလောင်
ထင်းမီး၊ ခြုံပြောရရင် တောမီးပါဘုရား။
- အဲဒီ တောမီး ဘာဖြစ်လို့ လောင်တာလဲ။
- လောင်စရာ လောင်စာရှိလို့ လောင်တာပါ။
- ဒါဆို အဲဒီမီး ဘယ်တော့ ငြိမ်းမလဲ။
- လောင်စာတွေ ကုန်တဲ့အချိန် ငြိမ်းမယ်
- အဲဒီ လောင်စာကုန်လို့ ငြိမ်းတဲ့ မီး ဘယ်သွားသလဲ ( အထက်အောက်၊ တောင်၊
မြောက် ၊ ဘယ်၊ ညာ )။
- အဲဒီ မီး ဘယ်သွားတယ်လို့တော့ ပြောလို့ မရဘူး ကိုယ်တော်။
- ဒါဆို အဲဒီ မီး ဘယ်မှ မသွားဘူးလား။
- မီးက ရှိမှ မရှိတော့တာဆိုတော့ အဲဒီလိုဘယ်မှ မသွားဘူးလို့လည်း ပြောလို့ မရပြန်ဘူး။
- ဒါဆို သွားတာ တချို့ ၊ မသွားတာ တချို့လား။
- အဲဒီလိုလည်း မဟုတ်ဘူး။
- ဒါဆို သွားသည်လည်း မဟုတ်၊ မသွားသည်လည်း မဟုတ်လား။
- အဲဒီလိုလည်း ဖြေလို့ မရဘူး။
- ဒါဆို ဘယ်လို ဖြေမလဲကွယ့်။
- လောင်စာ ကုန်လို့ မီးငြိမ်း သွားတာလို့ပဲ ပြောလို့ ရမှာပါ ကိုယ်တော်
- အဲဒီလိုပဲ လောင်စာသဖွယ် ဖြစ်တဲ့ ရုပ်၊ နာမ် ခန္ဓာ ၅ ပါးနဲ့ လောင်တတ်တဲ့
ကိလေသာ(၀ဋ်)မီး၊ ကမ္မ(၀ဋ်)မီးတွေ ရှိနေသေးလို့ လောင်နေတာပါ။
အဲဒါကြောင့် နိဗ္ဗာန်ဆိုတာလည်း လောင်စာ သိမ်းလို့ မီးငြိမ်းသွားတာမျိုးပဲ။
(မှတ်ချတ်) ဤဆောင်းပါသည် ကိုဇာမနည်မင်း၏ ရှင်းလင်းသော အမြင်အတွေးကို
မျှဝေခြင်းဖြစ်သည်။ ဖတ်ရှုခံစား ဝေဘန်နိုင်ပါသည်။
♦ Posted by အရှင်နာယကာလင်္ကာရ


♣ သူမရဲ့ မှတ်တမ်း ( သို့ )ယတြာတမ်းခြင်းဗေဒင်နှင့်လောကီရေးရာ



သူမသည် တစ်ခါတစ်ရံ၌ ၀ှက်ဖဲတစ်ချပ်မပါသော ကစားပွဲတစ်ခုကို မျက်စိမမှတ်ပဲ စတင်လေ့ရှိပါသည်


သူမသည် တစ်ခါတစ်ရံ၌ စစ်တုရင်ခုံပေါ်က ရုပ်သေးရုပ်များနှင့်ပြာင်းပြန် ဘုရင် ကို ချက်စ် ကာ မြင်းခုံ တိုက်ကွက်နှင့် ရဲတိုက်ကို ချန်လှပ်ကာ စစ်ထိုးတိုက်ခိုက်လေ့ရှိပါသည်
 ( ကျနော် ချက်စ် မကစားတတ်ပါ )

သူမသည် တစ်ခါတစ်ရံ၌ ကမ္ဘာမြေအကြောင်း စိတ်မ၀င်စားသော ကဗျာများကို တစ်ယောက်တည်းညည်းဆိုနေတတ်ပါသည်

သူမသည် တစ်ခါတစ်ရံ၌ ရောက်တတ်ရာရာပြောနေခြင်းဖြင့် အချိန်ကုန်လေ့မရှိသော နာရီပျက်တစ်လုံး၏ကြိုးများကဲ့သို့
သံပတ်နှိုးထားကာ နိုးကြားနေတတ်ပါသည်

သူမသည် တစ်ခါတစ်ရံ၌ အငြင်းပွားမှုမပါသော ပုစ္ဆာတစ်ပုဒ်ကို ပုံပြင်တစ်ပုဒ်သဖွယ်ပြောပြနေတတ်ပါသည်

သူမသည် တစ်ခါတစ်ရံ၌ တောက်ပသော မျက်လုံးတစ်စုံပေါ်ရှိ အမြင်အာရုံများကို မစုစည်းပဲ ဖြာထွက်အလင်းရောင်များဖြင့်
ကျင့်စဉ်တစ်ခုနောက်သို့ တစ်ကောက်ကောက် ပြေးလိုက်နေလေ့ရှိပါသည်


သူမသည် တစ်ခါတစ်ရံ၌ အကြောင်းပြချက်မပါရှိသော အချက်အလက်တစ်ချို့အတွက် စိတ်ပျက်ကြောင်း သ၀ဏ်လွှာကို
တစ်ခြားသော ဂြိုဟ်များသို့ လက်ဆောင်မပါသော စကားသံဖြင့် ပေးပို့လေ့ရှိပါသည်


သူမသည် တစ်ခါတစ်ရံ၌ ဂဏန်းကိန်းဖြင့် မြှေက်လာဒ်မရနိုင်သော တန်ဖိုးရလာဒ်များကို
အဖြေသုည ပေးကာ ညတစ်ညအဖြစ်ပြောင်းလဲ ပေးပစ်လိုက်တတ်ပါသည်


သူမသည် တစ်ခါတစ်ရံ၌ အချစ်မရှိသော ဘ၀ရဲ့ သေခြင်းတရား အကြောင်းကို အလွမ်းပင်လယ်ပြင်မှာ နစ်မြုပ်ခြင်း သမုဒ္ဒရာအကြောင်း
ပန်းပွင့်များ ဖန်ဆင်းကာ ပုံဖော်ပြသပေးလေ့ရှိပါသည်


သူမသည် တစ်ခါတစ်ရံ၌ လောကရှိအလှတရားတို့ကို ကိုယ်တိုင်ကိုယ်ကျ ထုဆစ်ပြသရရန်
ပန်းချီကားတစ်ချပ်၌ စုတ်ချက်များဖြင့် သူ့မ၏ပန်းပုလက်ရာကို အကောင်အထည်ဖော်နေတတ်ပါသည်


သူမသည် တစ်ခါတစ်ရံ၌ မော်ဒန်မဆန်သော မော်ဒန်ကဗျာများအကြောင်း ကျနော်နှင့်
ဆွေးနွေးတိုင်ပင်ရင်း မော်ဒန်ကဗျာတစ်ပုဒ်ထက်ပို၍ သူမကို ချစ်ကြောင်းပြောသောအခါ၌

ကျနော့်လက်တစ်စုံနှင့် နှလုံးသားများအား သူမက ပြုစားကာ ဘုရားသခင်ထံအပ်နှံလိုက်ပြီဖြစ်ကြောင်း

ကျနော် ရင်ခုန်သံမမှန်စွာ ကြားသိရပါသည်.....။


မှတ်ချက်။ ။ ကျနော့်ရဲ့ တွေးခေါ်မှု ဆိုင်ရာ မော်ဒန်ကဗျာ သက်သက်သာ ဖြစ်ပါသည်....။