စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Tuesday, September 27, 2011

♣ ရေပြင်ညီမျဉ်းနှင့် မိုးကုပ်စက်ဝိုင်းအကြောင်း......

ဝိရောဓိ
မျက်စိတစ်ဆုံးက တိမ်တိုက်တွေအကြောင်း
မိုးကုပ်စက်ဝိုင်းအကြောင်း နားမလည်သေးခင်က
ရေးထားခဲ့သော ကလေးကဗျာ
အထင်မကြီးမှုများအကြားက
အထင်သေးကြသူများ နှိမ့်ချ ပြောဆို ဆက်ဆံ ပေါင်းသင်းဆက်ဆံရေး
ကိုယ့်ကိုကိုယ်ချစ်တတ်ကြသောသတ္တ၀ါတွေမှာ
လူသားတွေရဲ့ အတ္တကထိပ်ခေါင်မှာနေရာယူပါတယ်
လောဘ ဒေါသ မောဟတွေကြောင့်
ကမ္ဘာကြီးရဲ့တရားလည်း ခုချိန်ထိကျွတ်တမ်းမ၀င်သေးတာထင်ပါတယ်....။

မှတ်ချက်။ ။ tags = မော်ဒန်ကဗျာ
နေရာ ၂ခု မပေးသောကြောင့် ပြန်ဖျက်ထားသော post များကို ကျနော့် sites များသို့ ၀င်ဖတ်နိုင်ပါတယ်....။


Sunday, September 25, 2011

♣ သေခြင်းတရား/ လွမ်းသူ့ပန်းခွေ /အမိန့်ပြန်တမ်း

အငွေ့ အသက်လောက်တောင်မကျန်တော့တဲ့
ပြင်းရှရှ ငိုရှိုက်သံတွေအကြားက
ဒဏ်ရာရတေးသွားတစ်ချို့ လတ်ဆတ်စေ....။

လွမ်းသူ့ပန်းခွေတစ်ခု.....
နာရေးကြော်ငြာ....
တမလွန်ဝိညာဉ်ခေါ်ဆိုမှုများ
ဘ၀သစ်မှာ ပျော်ရွှင်နိုင်ကြစေ......။

ရယ်စရာပြက်လုံးတွေကြောင့်
ပရိတ်သတ်ရှေ့မှောက် ဒူးနဲ့မျက်ရည်သုတ်သွားခဲ့ရသော
လူရွှင်တော်တစ်ယောက် အကြောင်း.....။

မခက်ပါဘူးဆိုတာတွေအားလုံး
မလွယ်ကူတာသေချာပါတယ်ဗျာ
မော်ဒန်ကဗျာရေးတာ ရည်းစားစာရေးတာလောက်မှ အားမစိုက်ရတာ....။

နည်းနည်းလောက်လမ်းဖယ်ပေးကြစမ်းပါ
ခဏခဏမတော်တဆထိခိုက်မှုတွေကြောင်
ပြန်ပြန်ကောင်းသွားခဲ့သော ငါ့ရင်ဘတ်ထဲက
အမာရွတ်တစ်ချို့ရဲ့ အက်ကြောင်းများ...။

စကားလုံးအသစ်တွေ မရှာဖွေနိုင်တာတစ်ခုထက်ပိုပြီး
ငါ့ကဗျာတွေ ကာရန်မထပ်စေဖို့
ငါသတိအမြဲရှိနေပါတယ်....။

Saturday, September 24, 2011

♣ ကဗျာဆရာဟောာကြားသွားသော တရားဦးဓမ္မများသို့....




ဖျစ်
ညှစ်

ထုတ်ချပြီး
ဖွင့်ဟနေတာတောင်
ထွက်ကျမလာတော့တဲ့
ငါ့အလွမ်းတွေကို
ကဗျာလာရေးခိုင်းနေရဲသေးတယ်နော်........

အသုဘအခန်းအနားပြင်ဆင်စရိတ်ထက်
သေတစ်နေ့ မွေးတစ်နေ့က အရေးပါပါတယ်
ရွှေထီးးတော့ ငါလည်းမဆောင်းထိုက်သေးဘူး

အာဖဂန်နစ်စတန်လည်းငါမသိချင်ဘူး
အိုဘာမားလည်း စိတ်မ၀င်စားဘူး
လောလောဆယ်တော့
စစ်နဲ့ငြိမ်းချမ်းရေး အလိုက်ပေးလည်းမယ်

ပြောနေကြတာတော့ ပြောနေကြတာပါပဲ
လုပ်နေကြတာလည်း လုပ်နေတာတွေပဲရှိမှာပါ
ဒီထက်မက ဆိုတာတွေကတော့.........
လိုချင်တက်မက်မှု လောဘသားတွေကပဲ တောင့်တကြောင့်ကြပူပန်နေကြရတဲ့
အလုပ်ကြီးတစ်ခုရယ်ပါ

မဖြစ်သေးပါဘူး
ငါလည်း အိမ်ပြန်လို့
ရောက်ရာအရပ် ကျရာဒေသမှာပဲ
အမေ့သား တော်သလိုနေပါရစေ

ခေတ်ဆိုတာလည်း
နောက်ပြန်ပြေးတွေးဆွေးနေရမယ့်
သမိုင်းတစ်လက် မဟုတ်တော့ပါ့ဘူး
ဘာပဲဖြစ်ဖြစ် ရှေ့ကလူတွေကို အတုမယူသင့်ပါဘူး
လေးစားတာ မလေးစာတာ ခင်ဗျားတို့ ကျနော်တို့ အပိုင်းပေါ့

မှော်ဆရာရဲ့လက်ထဲကသေနတ်
က ကျည်ဆန်မပါဘူးနော်
သူ့ရဲ့ပြကွက်တိုင်း ပဉ္စလက်ဆန်နေပေမယ့်
စာရေးဆရာနဲ့ စကားလုံးတွေ
ယှဉ်တိုကခိုက်ကြမယ်ဆိုရင်
ဘယ်သူ့ဘက်ကနေ လောင်းကြေးထပ်ပေးမလဲ?

လက်နက်ချ အဖမ်းခံတာ

လူညံ့တွေ လုပ်ကြတာပါ
အကြမ်းမဖက်သော မှုခင်းမှန်သမျှ
မတရားမှုလို့ ဘယ်ဥပဒေပုဒ်မ ကမှ မသတ်မှတ်ကြစေရဘူး

ကိုယ်ပိုင်မဟုတ်သော တီထွင်ဖန်တီးမှုမှန်သမျှ

ဈေးမကြီးစေရဘူး
ဘာပဲဖြစ်ဖြစ် လောကဟာ
ငွေမရှိလူတန်းစား အများစုအတွက်
အများကြီးနှိမ့်ချ ရိုသေပေးနေပါတယ်

ရောက်တုန်းရောက်ခိုက် ၀င်လည်သွားပါဦးလားဗျ?

ကျနော့် ရဲ့ အသစ်ကမ္ဘာဟာ
သောက်စရာရေ မရှိတာကလွဲလို့
အရာအားလုံး ပြီးပြည့်စုံ နေအောင်
nothing by perfecting ဖြစ်နေသော
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်ဘုံတစ်ခုစာပါဟု.....................။




Friday, September 23, 2011

♣ Not for along times,......................



ဧရာဝတီကို သွန်မှောက်ပစ်လိုက်ပါ
ပင်လယ်ရေ ဘယ်သူသောက်သောက် မကုန်နိုင်ဘူးဆို
ဂေဟစနစ်ရဲ့ ပျက်သုဉ်းနမှု တရားခံက
ဘယ်သူလဲ?
ကမ္ဘာကြီးကို ကယ်တင်ဖို့ မကြိုးစားပါနဲ့
ဖြစ်ချိန်တန်လို့လည်း အရာရာကို ဖြစ်ပေးခဲ့ပြီးပြီ
သားကောင်တွေကို ချမနင်းခဲ့ရင်လည်း
လူသားတွေ တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ပြောကြလိမ့်ဦးမယ်နော်
အမေကျော် ဒွေးတော်လွမ်းနေခြင်းကတော့
ပေးဆပ်သူတွေ အတွက်ခံရခက်ခက်ပါပဲ
ကျနော်လည်းမကြောက်တတ်ခဲ့တော့ဘူး
ခင်ဗျားတို့အားလုံးရဲ့သွေးတွေရဲကြပါစေ

ဘယ်သူတွေဘာပဲပြောပြော
ကမ္ဘာကြီးကတော့ ကျနော်လိုပဲ
လုပ်စရာရှိတာ လုပ်ပေးခဲ့ပြီးပြီ
ပေးစရာရှိတာပေးခဲ့ပြီးပြီင်္
ယူစရာရှိတာ ယူခဲ့ပြီးပြီ
ဘာမှထပ် မကျန်တော့ဘူးထင်ပါတယ်......။


မှတ်ချက် ။ ။ save our earth ကို သရော်စာဆန်ဆန် မော်ဒန်ကဗျာ ရေးဖွဲ့ပါသည်
သာယာလှပသော ကမ္ဘာမြေလောကကို အနာဂတ်မှာ လူသားတိုင်းတာဝန်ရှိစွာ 
 ပုံဖော်ထုဆစ်နိုင်ပါစေကြောင်း....။





Thursday, September 22, 2011

♣ ဓားတစ်လက်လောက် အားပဲငါ့ကိုပေးကြစမ်းပါ....



အတိတ်ကို ခဏထားခဲ့မယ်
ပစ္စုပ္ပန်အတွက် အနာဂတ်ဖိနပ်တစ်ရံငါစီးပြီး
ခရီးထွက်ခဲ့တယ်
ဘာလက်နက်မှ မယူခဲ့ချင်ပါဘူး
မေတ္တာက လွဲလို့ပေါ့

တေလေတစ်ယောက်ရဲ့
gipsy ဆန်ဆန်ညနေတွေအကြောင်းတော့
ငါမပြောပြခဲ့တော့ပါဘူး
ငါ့ အိမ်အပြန်ကို အမေလည်း မျှော်နေလောက်ရော့ပေါ့

နေ့ရက် နာရီ ပြက္ခဒိန် အချိန်တွေက
သံသရာဆန်ဆန်လှည့်ပတ်နေကြတယ်
ကျင်လည်နေရသော လောကက ပိုသိပါလိမ့်မယ်

ရိုမန်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေကို
ငါမခံစားတတ်တော့ဘူး
titanic နဲ့ ရိုမီရို ဂျူးလိယက်ကတော့
အင်မတန်သနားစဖွယ် ကောင်းနေမှာပါ
ငါလည်း ချစ်တတ်ခဲ့တာပဲလေ

ဘာပဲဖြစ်ဖြစ်ငါ တွေဝေမနေတတ်ခဲ့တော့ဘူး
နည်းနည်းစဉ်းစားတတ်လာတယ်
များများပြောဖို့ ခက်ခဲလာခဲ့တယ်
ဘ၀ကပေးလိုက်တဲ့ ပညာတွေကို
ငါတန်ဖိုးမထားတတ်ခဲ့ဘူး

ဘာပဲဖြစ်ဖြစ် အားတစ်ခုလောက်တော့
ငါလိုချင်မိတယ်
အရာအားလုံးကိုဖောက်ထွင်းနိုင်လောက်တဲ့
စွမ်းအင်မျိုးတော့ မဟုတ်ပါဘူး....။

မှတ်ချက်။ ။ tags = မော်ဒန်ကဗျာ
လက်တန်းရေးရာ ကျနော့်မှာ ရေးရင်းနှင့်ပင် စက်ချို့ယွင်းမှု ခဏတာမှာ
ကာရန်များ နည်းနည်း ပြောင်းလဲသွားခဲ့ရပါကြောင်း....။



Tuesday, September 20, 2011

♦ ချစ်ခြင်းကမ္ဘာ နဲ့ ငါ့ဗျူဟာ....



အစကတည်းက ပြောထားခဲ့ပြီးသားနော်

မကြိုက်ရင်လည်း မလိုက်ခဲ့ကြနဲ့ပေါ့

နည်းလမ်းကို သိစရာမလိုပါဘူး
စည်းကမ်းတော့ရှိပေးကြပါ
ဗျူဟာကိုတော့ ခုချိန်မှာ ငါ သိပ်အသုံးမချချင်သေးဘူး

ဘာမှမရှိသလောက်ကို ပြီးပြည့်စုံနေတာကတော့
ငါ့ ကမ္ဘာပဲ

ဖြစ်ချင်တာလည်းလုပ်မယ်
မဖြစ်ချင်တာလည်း လုပ်မယ်ဗျာ
ဘာဖြစ်ဦးမလဲ?
ငါလုပ်ချင်တာကို လုပ်နေတာမဟုတ်တဲ့အတွက်
အတ္တကင်းတယ်လို့ ငါခံစားရတယ်


မလိုရင် တမာ ချိုရင်သကာတော့လာမလုပ်နဲ့
ဘ၀ဟာ ငါ့အတွက်တော့ ပြင်းရှရှကော်ဖီတစ်ခွက်ထက် စူးရှလေးနက်ချင်တယ်

အဆုံးသတ်ကို မျှော်နေတာလည်းမဟုတ်ဘူး
အရှုံးအမြတ်ကို တော်ရုံငါလည်း မတွက်ချက်ခဲ့ဘူး

ပြောတတ်လို့ ပြောနေတာလည်းမဟုတ်ဘူး
မပြောမပြီးလို့ မတီးပဲမြည်စေချင်နေတာပါ

ဟုတ်တယ်မဟုတ်ဘူးဆိုတာထက်
အမှန်တရားက အရေးကြီးနေလို့လား?

သိပ္ပံဆန်ဆန် လက်တွေ့ ကျတာဟာ
စိတ်ကူးယဉ်ဆန်တာလို့ ပြောလို့တော့မရသေးပါဘူး
ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် တွက်ကိန်းတစ်ခုစီတော့ပေးပြီး
အဖြေရှာခိုင်းသင့်တာပဲလေ?

စိတ်ချပါ အားလုံးကိုတော့
ကျနော်လည်း မသိမ်းပိုက်ချင်ပါဘူး
ဒါပေမယ့် ကျနော့်ဧရိယာကို ၀င်လာသူမှန်သမျှ
ကျနော့်တန်ခိုးအောက်မှာ ပြာဖြစ်သွားစေရလောက်အောင်ပဲ
ငါရက်စက်ကြည့်ချင်တယ်


အလင်းရောင်ကိုငါရှာနေခဲ့တာမဟုတ်ပါဘူး
အမှောင်ရဲ့ စွမ်းအားကပိုကြီးမားတယ်ဆိုတာကို ငါပိုသိချင်လာတာ

မိန်းမတစ်ယောက်ရဲ့ အလှကောက်ကြောင်းကို
လီယိုနာဒိုဒါဗင်ချီလို အသက်သွင်းပြီး
ငါပန်းချီဆွဲထားခဲ့ချင်ရုံသက်သက်ပါပဲ
ဒီထက်ပိုပြီး ငါမရေးဖွဲ့ တတ်တော့ပါဘူး


အရုဏ်ဦးလည်း မနီးကပ်ခဲ့သေးဘူး
ငြိမ်းချမ်းခြင်းပန်းတို့ မပွင့်ခဲ့သေးဘူး
ငါ့ ညတွေလည်း တိတ်ဆိတ်နေခဲ့တုန်းပဲ
မနက်ဖြန်တိုင်းအတွက် ငါ့အားသစ်တွေဟာ
မော်ဒန်ကဗျာများကို ပွေ့ ဖက်နမ်းရှိုက်ခြင်းပဲ........။