စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Friday, September 30, 2011

♣ ခေတ်ပေါ်ကဗျာ သို့ .......


 
ပစ်မှတ် မသိသေးတဲ့ သားကောင်အတွက်
မုဆိုးက ဒူးထောက်ပေးနေတယ်
တောက လည်း နက်သထက် နက်လာတယ်


စင်္ကြံ လျောက်တာပဲဗျာ
ဘယ်ပေါ်က လျောက်လျောက်ပေါ့
ရောက်ဖို့ အဓိကပဲ မဟုတ်လား?
တရားသော စစ်မှန်သမျှ တိုက်ပွဲကြောင်ဖြစ်ရတာပါလို့ ခပ်ညံ့ညံ့ ယူဆမတွက်ချက်တော့ပါဘူး
သူများတွေအပေါ် နင်းချေဖြတ်တက်မသွားတာထက် စာရင် တော်ပါသေးတယ်လို့ ပြောရတော့မှာပေါ့



အမှန်မသိသေးတဲ့ အမှားတရားက

သူ့ကိုယ်သူလမ်းပြပြီး သုညလိုခရီးဆက်ခဲ့တယ်
အမှားတရား ကို လူတွေဘာကြောင့် မလိုလားစွာ မုန်းတီးနေခဲ့ကြတာလဲ
ဘာပဲဖြစ်ဖြစ် အမှားတရားဆိုတာ အမှန်အတွက်ပေးဆပ်ရတဲ့ အတွက် သူက ပိုကြီးမြတ်နေတာကို
လူတွေ ခုထိမသိသေးကြသေးတာပါ



ကြက်ခြေခတ်တွေနဲ့ ရေးထားတဲ့ ကဗျာတွေကတော့

ခင်ဗျားတို့ အတွက် မဟုတ်ပါဘူး
ဘာသာစကားအတွက် မခက်ခဲစေချင်လို့
နောက်တစ်ချက်က ....
ဒါဟာ နောင်လာနောက်သား ကောင်းစားရေးအတွက်
ကျနော့်ရဲ့ .....................................................................


နောက် တစ်ကမ္ဘာအတွက်ကတော့......
အတွေးအခေါ်အတွက်ပဲ သင်ကြားလေ့ကျင့်ပေးကြပါ
အရေးကြီးတာတွေကို ခဏခဏ မေ့ပစ်ပေးကြစမ်းပါ
မလုပ်သင့်တာမှန်သမျှလုပ်ပစ်ကြပါ
ကဗျာဆိုသော ဝေါဟာရကို လည်းပယ်ဖျောက်ပစ်ပေးလိုက်ကြစမ်းပါ.....ဗျာ.......။












Thursday, September 29, 2011

♣ Mask အုပ်ထားသော မျက်နှာဖုံးများ.........



အဆိပ်ပင်တွေအားလုံးကို ရေလောင်းပေးထားတယ်

ဆုပ်လည်းစူး စားလည်းရူးတော့ မရည်ရွယ်ခဲ့ပါဘူး
ဘာပဲဖြစ်ဖြစ် ကျနော် စေတနာထားခဲ့ပါတယ်

အတ္တကို မျိုးစေ့ချပြီး ငါ စိုက်ပျိုးခဲ့တယ်
အသီးအရွက်တို့ ဝေေ၀ဆာဆာပွင့်လန်းစေခဲ့ပါတယ်
ရိတ်သိမ်းမှုအကျိုးအမြတ်အတွက် ငါ ဘာခံစားမှုမှ မတပ်ပဲ
ပေးဆပ်ခဲ့တယ်
ငါ့ကိုငါ မုန်းတတ်ခဲ့သလို
အားလုံးကို ချစ်တတ်အောင်ငါသင်ကြားပစ်လိုက်တယ်

တကယ်တော့
ဒုက္ခဆိုတဲ့ ပုစ္ဆာတွေကြားကရှုပ်ထွေးသော
လောကလူသားကမ္ဘာကိုပဲ
ကျနော် တစ်ချက်တစ်ချက် စိတ်ပျက်မိတာပါ.....။

မှတ်ချက်။ ။ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းသော ဘ၀ကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ....။






Tuesday, September 27, 2011

♣ ရေပြင်ညီမျဉ်းနှင့် မိုးကုပ်စက်ဝိုင်းအကြောင်း......

ဝိရောဓိ
မျက်စိတစ်ဆုံးက တိမ်တိုက်တွေအကြောင်း
မိုးကုပ်စက်ဝိုင်းအကြောင်း နားမလည်သေးခင်က
ရေးထားခဲ့သော ကလေးကဗျာ
အထင်မကြီးမှုများအကြားက
အထင်သေးကြသူများ နှိမ့်ချ ပြောဆို ဆက်ဆံ ပေါင်းသင်းဆက်ဆံရေး
ကိုယ့်ကိုကိုယ်ချစ်တတ်ကြသောသတ္တ၀ါတွေမှာ
လူသားတွေရဲ့ အတ္တကထိပ်ခေါင်မှာနေရာယူပါတယ်
လောဘ ဒေါသ မောဟတွေကြောင့်
ကမ္ဘာကြီးရဲ့တရားလည်း ခုချိန်ထိကျွတ်တမ်းမ၀င်သေးတာထင်ပါတယ်....။

မှတ်ချက်။ ။ tags = မော်ဒန်ကဗျာ
နေရာ ၂ခု မပေးသောကြောင့် ပြန်ဖျက်ထားသော post များကို ကျနော့် sites များသို့ ၀င်ဖတ်နိုင်ပါတယ်....။


Sunday, September 25, 2011

♣ သေခြင်းတရား/ လွမ်းသူ့ပန်းခွေ /အမိန့်ပြန်တမ်း

အငွေ့ အသက်လောက်တောင်မကျန်တော့တဲ့
ပြင်းရှရှ ငိုရှိုက်သံတွေအကြားက
ဒဏ်ရာရတေးသွားတစ်ချို့ လတ်ဆတ်စေ....။

လွမ်းသူ့ပန်းခွေတစ်ခု.....
နာရေးကြော်ငြာ....
တမလွန်ဝိညာဉ်ခေါ်ဆိုမှုများ
ဘ၀သစ်မှာ ပျော်ရွှင်နိုင်ကြစေ......။

ရယ်စရာပြက်လုံးတွေကြောင့်
ပရိတ်သတ်ရှေ့မှောက် ဒူးနဲ့မျက်ရည်သုတ်သွားခဲ့ရသော
လူရွှင်တော်တစ်ယောက် အကြောင်း.....။

မခက်ပါဘူးဆိုတာတွေအားလုံး
မလွယ်ကူတာသေချာပါတယ်ဗျာ
မော်ဒန်ကဗျာရေးတာ ရည်းစားစာရေးတာလောက်မှ အားမစိုက်ရတာ....။

နည်းနည်းလောက်လမ်းဖယ်ပေးကြစမ်းပါ
ခဏခဏမတော်တဆထိခိုက်မှုတွေကြောင်
ပြန်ပြန်ကောင်းသွားခဲ့သော ငါ့ရင်ဘတ်ထဲက
အမာရွတ်တစ်ချို့ရဲ့ အက်ကြောင်းများ...။

စကားလုံးအသစ်တွေ မရှာဖွေနိုင်တာတစ်ခုထက်ပိုပြီး
ငါ့ကဗျာတွေ ကာရန်မထပ်စေဖို့
ငါသတိအမြဲရှိနေပါတယ်....။

Saturday, September 24, 2011

♣ ကဗျာဆရာဟောာကြားသွားသော တရားဦးဓမ္မများသို့....




ဖျစ်
ညှစ်

ထုတ်ချပြီး
ဖွင့်ဟနေတာတောင်
ထွက်ကျမလာတော့တဲ့
ငါ့အလွမ်းတွေကို
ကဗျာလာရေးခိုင်းနေရဲသေးတယ်နော်........

အသုဘအခန်းအနားပြင်ဆင်စရိတ်ထက်
သေတစ်နေ့ မွေးတစ်နေ့က အရေးပါပါတယ်
ရွှေထီးးတော့ ငါလည်းမဆောင်းထိုက်သေးဘူး

အာဖဂန်နစ်စတန်လည်းငါမသိချင်ဘူး
အိုဘာမားလည်း စိတ်မ၀င်စားဘူး
လောလောဆယ်တော့
စစ်နဲ့ငြိမ်းချမ်းရေး အလိုက်ပေးလည်းမယ်

ပြောနေကြတာတော့ ပြောနေကြတာပါပဲ
လုပ်နေကြတာလည်း လုပ်နေတာတွေပဲရှိမှာပါ
ဒီထက်မက ဆိုတာတွေကတော့.........
လိုချင်တက်မက်မှု လောဘသားတွေကပဲ တောင့်တကြောင့်ကြပူပန်နေကြရတဲ့
အလုပ်ကြီးတစ်ခုရယ်ပါ

မဖြစ်သေးပါဘူး
ငါလည်း အိမ်ပြန်လို့
ရောက်ရာအရပ် ကျရာဒေသမှာပဲ
အမေ့သား တော်သလိုနေပါရစေ

ခေတ်ဆိုတာလည်း
နောက်ပြန်ပြေးတွေးဆွေးနေရမယ့်
သမိုင်းတစ်လက် မဟုတ်တော့ပါ့ဘူး
ဘာပဲဖြစ်ဖြစ် ရှေ့ကလူတွေကို အတုမယူသင့်ပါဘူး
လေးစားတာ မလေးစာတာ ခင်ဗျားတို့ ကျနော်တို့ အပိုင်းပေါ့

မှော်ဆရာရဲ့လက်ထဲကသေနတ်
က ကျည်ဆန်မပါဘူးနော်
သူ့ရဲ့ပြကွက်တိုင်း ပဉ္စလက်ဆန်နေပေမယ့်
စာရေးဆရာနဲ့ စကားလုံးတွေ
ယှဉ်တိုကခိုက်ကြမယ်ဆိုရင်
ဘယ်သူ့ဘက်ကနေ လောင်းကြေးထပ်ပေးမလဲ?

လက်နက်ချ အဖမ်းခံတာ

လူညံ့တွေ လုပ်ကြတာပါ
အကြမ်းမဖက်သော မှုခင်းမှန်သမျှ
မတရားမှုလို့ ဘယ်ဥပဒေပုဒ်မ ကမှ မသတ်မှတ်ကြစေရဘူး

ကိုယ်ပိုင်မဟုတ်သော တီထွင်ဖန်တီးမှုမှန်သမျှ

ဈေးမကြီးစေရဘူး
ဘာပဲဖြစ်ဖြစ် လောကဟာ
ငွေမရှိလူတန်းစား အများစုအတွက်
အများကြီးနှိမ့်ချ ရိုသေပေးနေပါတယ်

ရောက်တုန်းရောက်ခိုက် ၀င်လည်သွားပါဦးလားဗျ?

ကျနော့် ရဲ့ အသစ်ကမ္ဘာဟာ
သောက်စရာရေ မရှိတာကလွဲလို့
အရာအားလုံး ပြီးပြည့်စုံ နေအောင်
nothing by perfecting ဖြစ်နေသော
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်ဘုံတစ်ခုစာပါဟု.....................။




Friday, September 23, 2011

♣ Not for along times,......................



ဧရာဝတီကို သွန်မှောက်ပစ်လိုက်ပါ
ပင်လယ်ရေ ဘယ်သူသောက်သောက် မကုန်နိုင်ဘူးဆို
ဂေဟစနစ်ရဲ့ ပျက်သုဉ်းနမှု တရားခံက
ဘယ်သူလဲ?
ကမ္ဘာကြီးကို ကယ်တင်ဖို့ မကြိုးစားပါနဲ့
ဖြစ်ချိန်တန်လို့လည်း အရာရာကို ဖြစ်ပေးခဲ့ပြီးပြီ
သားကောင်တွေကို ချမနင်းခဲ့ရင်လည်း
လူသားတွေ တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ပြောကြလိမ့်ဦးမယ်နော်
အမေကျော် ဒွေးတော်လွမ်းနေခြင်းကတော့
ပေးဆပ်သူတွေ အတွက်ခံရခက်ခက်ပါပဲ
ကျနော်လည်းမကြောက်တတ်ခဲ့တော့ဘူး
ခင်ဗျားတို့အားလုံးရဲ့သွေးတွေရဲကြပါစေ

ဘယ်သူတွေဘာပဲပြောပြော
ကမ္ဘာကြီးကတော့ ကျနော်လိုပဲ
လုပ်စရာရှိတာ လုပ်ပေးခဲ့ပြီးပြီ
ပေးစရာရှိတာပေးခဲ့ပြီးပြီင်္
ယူစရာရှိတာ ယူခဲ့ပြီးပြီ
ဘာမှထပ် မကျန်တော့ဘူးထင်ပါတယ်......။


မှတ်ချက် ။ ။ save our earth ကို သရော်စာဆန်ဆန် မော်ဒန်ကဗျာ ရေးဖွဲ့ပါသည်
သာယာလှပသော ကမ္ဘာမြေလောကကို အနာဂတ်မှာ လူသားတိုင်းတာဝန်ရှိစွာ 
 ပုံဖော်ထုဆစ်နိုင်ပါစေကြောင်း....။