စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်

Sunday, September 18, 2011




''မတူညီသော ...အလယ်ဗဟို''
မာယာပုံရိပ်ရဲ့...
အမှန်တရားကတော့...
အမှန်တရားရဲ့...
မာယာပုံရိပ်ပါပဲ...။ တို့သိထားတာက... နေက...ကမ္ဘာကို...၀င်လိုက်ထွက်လိုက်နဲ့... ပတ်နေတာ... အမှန်တရားက... နေကိုဗဟိုပြုပြီး...ကမ္ဘာကြီးက...ပတ်နေတာ...။
အနန္တစကြ၀ဠာမှာ...
လူသားတိုင်း...ထင်နေကြတာက... လူဟာ... အနန္တစကြ၀ဠာ...ရဲ့... အလယ်ဗဟိုမှာ...တည်နေတယိလို့... မိမိကိုယ်ကိုယ်...အလယ်ဗဟိုမှာအဓိကထားပြီး... အရာရာကို...သင်ယူ...ဆုံးဖြတ်ကြတယ်...။
ကိုယ်မသိတာ...တစ်ခုက...
စစ်မှန်တဲ့...အလယ်ဗဟိုဆိုတာ... ဘာကို...ခေါ်တာလဲ... ဒါကြောင့်...လောကကို...သုံးသပ်တဲ့နေရာမှာ... ဆုံးဖြတ်ချက် '' အလယ်ဗဟို''ချင်း ကွာသလို... ရှုထောင့်ခြင်းလဲ...ကွာကြတယ်...။ ကိုယ့်ရှုထောင့်ကပဲ...ကိုယ်ကြည့်ရင်... အခြားလူကြည့်တဲ့...ရှုထောင့်ကို...မမြင်နိုင်ဘူး... လူသားချင်းအတူတူ... တစ်ကမ္ဘာတည်း...နေထိုင်ကြတာချင်းအတူတူ... မိုးသားတစ်ခုထဲ...အောက်မှာအတူတူ... ချိုမြတဲ့...သစ်သိးတစ်လုံးကို... စားတာခြင်း...အတူတူတောင်မှ... ခံစားမှုချင်း...ကွာခြားကြတယ်...။ လမင်းပေါ်က...ယုန်ကလေးဟာ... နေရဲ့အလင်းရောင်ကလွဲလို့... လရဲ့အလင်းရောင်ကို... ဘယ်တော့မှ... မြင်ရမှာ...မဟုတ်ဘူး... တကယ်တော့... ''လ'' ရဲ့အလင်းရောင်ဆိုတာ... တကယ်မရှိတဲ့အရာ...။ နေအလင်းရောင်ရဲ့...ရောင်ပြန်ဟပ်မှုပဲရှိတာ... ဒါပေမယ့်... လရောင်ခြည်လို့...လူသားတွေခေါ်နေကြဆဲ... နေရဲ့ရောင်ပြန်အလင်းရောင်ကိုသိပေမယ့်... လရောင်လို့...ခေါ်ကြဆဲပဲ...။ လူသားတွေက... တို့ အတိုးတက်ဆုံးလို့ပြောကြတယ်...။ ခွေးကလဲ... တို့အနံ့ခံအကောင်းဆုံးလို့...ပြောကြတယ်...။ ငါးတွေကလည်း... ရေထဲမှာအသက်ရှုရာမှာ...တို့အကောင်းဆုံးလို့ပြောကြတယ်...။ ငှက်တွေကလည်း... တို့ရဲ့လှုပ်ရှားမှုတည်ဆောက်ပုံ... အကောင်းဆုံးလို့ပြောကြတယ်... မိုးပေါ်မှာတောင်...ပျံသန်းလှုပ်ရှားနိုင်တယ်တဲ့... သစ်ပင်ကလဲ... တို့ဟာ...အရာင့်ရဲနိုင်ဆုံး...ရှင်သန်သူတဲ့... နေခြည်...ရေ...လေ...ရှိရင်... တို့ရှင်သန်နိုင်တယ်တဲ့...။ နောက်... ဘယ်သူအတိုးတက်ဆုံးလဲ...။ လောကမှာ...ရှိသမျှသတ္တ၀ါတွေဟာ... ရှင်သန်လှုပ်ရှားရင်းနဲ့... မျိုးဆက်မပျောတ်အောင်...ဆက်လက်ထိန်းသိမ်းဖို့... ကမ္ဘာလောကဟာ... မျိုးနွယ်တစ်မျိုးတည်း... ပတ်ဝန်းကျင်မျိုးနွယ်မရှိပဲ... ရှင်သန်ပေါက်ဖွားနိုင်တာမဟုတ်ဘူ...။ ဒါဆို... ဘာကြောင့်...မျိုးတုံးအောင်...လုပ်ကြတာလဲ...။ ဘ၀ဆိုတာ... တစ်ခုကို..တစ်ခု...အမှီသဟဲပြု...ရှင်သန်ခြင်း... သတ္တ၀ါမျိုးနွယ်တစ်ခုထဲ...ရှင်သန်လို့... ဘယ်သူ့ကိုသွား...အမှီသဟဲပြုမလဲ...။ နေ့တိုင်း...ကြားနေ...မြင်နေရတာက... လူသားတွေ... သဘာဝတရားကြီးကို... အောင်နိုင်ဖို့...ကြိုးစားကြတယ်... သဘာဝတရားကြီးကို...ဖျက်ဆီးနေကြတယ်... တစ်ခုလောက်မေးချင်တယ်... ဒီကမ္ဘာလောကကြီးဟာ... ဘယ်သူ့ကိုယ်ပိုင်...ပစ္စည်းလဲ...။ သဘာဝတရားရဲ့...ရည်ရွယ်ချက်က...
သတ္တ၀ါတိုင်း...
သဘာဝနဲ့...တစ်သားတည်းနေထိုင်ဖို့... လူသားတွေရွေးချယ်တာက... လူ့စရိုက်အတိုင်း...နေထိုင်ခြင်း... ကမ္ဘာလောကကြီးမှာ... မိမိကိုယ်ကိုယ် '' အလယ်ဗဟို '' ထားပြီး... ရှင်သန်နေထိုင်ခြင်း...။ မတူညီတဲ့ '' အလယ်ဗဟို '' ပေးခဲ့ရတဲ့...အသက်တွေ... ကျခဲ့ရတဲ့... မျက်ရည်နဲ့...သွေးစက်တွေ... ပျက်စီးသွားတဲ့...ဘ၀တွေ... များခဲ့ပြီလေ...။ မတူညီတဲ့...အလယ်ဗဟိုတွေကြောင့်... ပျက်စီးသွားတဲ့...သစ်တောတွေ... ခမ်းခြောက်သွားတဲ့...မြစ်ချောင်းတွေ... ပူလောင်လာတဲ့... ကမ္ဘာမြေ... ဘယ်သူ့မှာ...တာဝန်ရှိလဲ...။ ဘယ်လိုပဲဖြစ်ဖြစ်... လူသားကတော့... ကိုယ့်ကိုကိုယ်...'' အလယ်ဗဟို '' ထားပြီး... ကြည့်နေကြဆဲ...တွေးနေကြဆဲ...လုပ်နေကြဆဲ... ကမ္ဘာကြီး...ဘာပဲဖြစ်ဖြစ်...။ ။ ♣ ဤဓမ္မစာစုများအား ရေးသားဖြန့်ဝေရခြင်းအကျိုးကျေးဇူးသည် နိဗ္ဗာန်၏အထောကအပံ့ဖြစ်စေသတည်း...။ ။

♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
  

No comments:

Post a Comment