အသစ်အသစ်တွေ ထပ်နေပေမယ့်
အချစ်မဖြစ်တော့တဲ့ ငါ့ကဗျာတွေကြောင့်
ငါအတော် ငြီးငွေ့ လှပါပြီ
မပြည့်တဲ့ အိုးကိုဖြည့်နေတာမဟုတ်ပါဘူး
ပြည့်နေတာကို မဖြည့်ပဲထားလိုက်ခဲ့တာပါ
အောင်ပွဲအတွက် နောက်ဆုံးတစ်ကြိမ်အခွင့်အရေးဆိုတာလည်း
ငါ့ကို လာမပေးကြနဲ့ ဘာမှ ငါမလိုချင်ဘူး
မတူညီတာတစ်ခုကို လာညှိနှိုင်းမနေကြစမ်းနဲ့
တရားတစ်ခု ရလာတာပဲ အဖတ်တင်လိမ့်မယ်
အခက်အခဲနဲ့ အတားအဆီးကြောင့်လှပတဲ့ဘ၀ကိုပဲ
ငါလိုချင်တာ
ငါ့အတွက်တော့ လမ်းကြမ်းလေ
ဘ၀အတွက်ခွန်အားဖြစ်လေပဲ
မုန်တိုင်းအားလုံးပြီးဆုံးသွားရင်
လေပြည်လေညှင်းကိုလည်း အလှည့်ပေးလိုက်ကြစမ်းပါ
ဒီတစ်ဘ၀အတွက် အရေးကြီးဆုံးက
စိတ်ဓာတ်ဆိုတာပါပဲ
ကျန်တာဘာမှ ထည့်မတွက်ခဲ့ပါဘူး
တဖြည်းဖြည်းတော့ ငါရင့်ကျက်ခဲ့ပါပြီ
ဒါပေမယ့် မတည်ငြိမ်ခဲ့သေးဘူး
ကျနော့်ကိုနားမလည်ကြရင်တောင်
လူသားအားလုံးကို စာနာနိုင်ဖို့ပဲ
ကျနော့်စိတ်ထဲရှိနေတာပါ
ဒီထက်ဘာမှ မပိုချင်တော့ဘူးဗျာ....။
Welcome from my free blog sites link and ( online ) members for alls,
Okay and thank for friends.
I have friendship for all friends.
♦ kzh1980@gmail.com
kaungzawhtet>yangon>myanmar.
♣http://www.kokaungzawhtet.wordpress.com/
♣http://www.kokaungzawhtet.blogspot.com/
♣http://www.kzhyangon.webs.com

No comments:
Post a Comment