စာ ကဗျာနှင့် မှတ်စုမှတ်ရာများသို့  ♣ ကျနော့် ရဲ့ စာမျက်နှာက ကြိုဆိုနေပါတယ်: 09/01/2011 - 10/01/2011

Friday, September 30, 2011

♣ ခေတ်ပေါ်ကဗျာ သို့ .......


 
ပစ်မှတ် မသိသေးတဲ့ သားကောင်အတွက်
မုဆိုးက ဒူးထောက်ပေးနေတယ်
တောက လည်း နက်သထက် နက်လာတယ်


စင်္ကြံ လျောက်တာပဲဗျာ
ဘယ်ပေါ်က လျောက်လျောက်ပေါ့
ရောက်ဖို့ အဓိကပဲ မဟုတ်လား?
တရားသော စစ်မှန်သမျှ တိုက်ပွဲကြောင်ဖြစ်ရတာပါလို့ ခပ်ညံ့ညံ့ ယူဆမတွက်ချက်တော့ပါဘူး
သူများတွေအပေါ် နင်းချေဖြတ်တက်မသွားတာထက် စာရင် တော်ပါသေးတယ်လို့ ပြောရတော့မှာပေါ့



အမှန်မသိသေးတဲ့ အမှားတရားက

သူ့ကိုယ်သူလမ်းပြပြီး သုညလိုခရီးဆက်ခဲ့တယ်
အမှားတရား ကို လူတွေဘာကြောင့် မလိုလားစွာ မုန်းတီးနေခဲ့ကြတာလဲ
ဘာပဲဖြစ်ဖြစ် အမှားတရားဆိုတာ အမှန်အတွက်ပေးဆပ်ရတဲ့ အတွက် သူက ပိုကြီးမြတ်နေတာကို
လူတွေ ခုထိမသိသေးကြသေးတာပါ



ကြက်ခြေခတ်တွေနဲ့ ရေးထားတဲ့ ကဗျာတွေကတော့

ခင်ဗျားတို့ အတွက် မဟုတ်ပါဘူး
ဘာသာစကားအတွက် မခက်ခဲစေချင်လို့
နောက်တစ်ချက်က ....
ဒါဟာ နောင်လာနောက်သား ကောင်းစားရေးအတွက်
ကျနော့်ရဲ့ .....................................................................


နောက် တစ်ကမ္ဘာအတွက်ကတော့......
အတွေးအခေါ်အတွက်ပဲ သင်ကြားလေ့ကျင့်ပေးကြပါ
အရေးကြီးတာတွေကို ခဏခဏ မေ့ပစ်ပေးကြစမ်းပါ
မလုပ်သင့်တာမှန်သမျှလုပ်ပစ်ကြပါ
ကဗျာဆိုသော ဝေါဟာရကို လည်းပယ်ဖျောက်ပစ်ပေးလိုက်ကြစမ်းပါ.....ဗျာ.......။












Thursday, September 29, 2011

♣ Mask အုပ်ထားသော မျက်နှာဖုံးများ.........



အဆိပ်ပင်တွေအားလုံးကို ရေလောင်းပေးထားတယ်

ဆုပ်လည်းစူး စားလည်းရူးတော့ မရည်ရွယ်ခဲ့ပါဘူး
ဘာပဲဖြစ်ဖြစ် ကျနော် စေတနာထားခဲ့ပါတယ်

အတ္တကို မျိုးစေ့ချပြီး ငါ စိုက်ပျိုးခဲ့တယ်
အသီးအရွက်တို့ ဝေေ၀ဆာဆာပွင့်လန်းစေခဲ့ပါတယ်
ရိတ်သိမ်းမှုအကျိုးအမြတ်အတွက် ငါ ဘာခံစားမှုမှ မတပ်ပဲ
ပေးဆပ်ခဲ့တယ်
ငါ့ကိုငါ မုန်းတတ်ခဲ့သလို
အားလုံးကို ချစ်တတ်အောင်ငါသင်ကြားပစ်လိုက်တယ်

တကယ်တော့
ဒုက္ခဆိုတဲ့ ပုစ္ဆာတွေကြားကရှုပ်ထွေးသော
လောကလူသားကမ္ဘာကိုပဲ
ကျနော် တစ်ချက်တစ်ချက် စိတ်ပျက်မိတာပါ.....။

မှတ်ချက်။ ။ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းသော ဘ၀ကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ....။






Tuesday, September 27, 2011

♣ ရေပြင်ညီမျဉ်းနှင့် မိုးကုပ်စက်ဝိုင်းအကြောင်း......

ဝိရောဓိ
မျက်စိတစ်ဆုံးက တိမ်တိုက်တွေအကြောင်း
မိုးကုပ်စက်ဝိုင်းအကြောင်း နားမလည်သေးခင်က
ရေးထားခဲ့သော ကလေးကဗျာ
အထင်မကြီးမှုများအကြားက
အထင်သေးကြသူများ နှိမ့်ချ ပြောဆို ဆက်ဆံ ပေါင်းသင်းဆက်ဆံရေး
ကိုယ့်ကိုကိုယ်ချစ်တတ်ကြသောသတ္တ၀ါတွေမှာ
လူသားတွေရဲ့ အတ္တကထိပ်ခေါင်မှာနေရာယူပါတယ်
လောဘ ဒေါသ မောဟတွေကြောင့်
ကမ္ဘာကြီးရဲ့တရားလည်း ခုချိန်ထိကျွတ်တမ်းမ၀င်သေးတာထင်ပါတယ်....။

မှတ်ချက်။ ။ tags = မော်ဒန်ကဗျာ
နေရာ ၂ခု မပေးသောကြောင့် ပြန်ဖျက်ထားသော post များကို ကျနော့် sites များသို့ ၀င်ဖတ်နိုင်ပါတယ်....။


Sunday, September 25, 2011

♣ သေခြင်းတရား/ လွမ်းသူ့ပန်းခွေ /အမိန့်ပြန်တမ်း

အငွေ့ အသက်လောက်တောင်မကျန်တော့တဲ့
ပြင်းရှရှ ငိုရှိုက်သံတွေအကြားက
ဒဏ်ရာရတေးသွားတစ်ချို့ လတ်ဆတ်စေ....။

လွမ်းသူ့ပန်းခွေတစ်ခု.....
နာရေးကြော်ငြာ....
တမလွန်ဝိညာဉ်ခေါ်ဆိုမှုများ
ဘ၀သစ်မှာ ပျော်ရွှင်နိုင်ကြစေ......။

ရယ်စရာပြက်လုံးတွေကြောင့်
ပရိတ်သတ်ရှေ့မှောက် ဒူးနဲ့မျက်ရည်သုတ်သွားခဲ့ရသော
လူရွှင်တော်တစ်ယောက် အကြောင်း.....။

မခက်ပါဘူးဆိုတာတွေအားလုံး
မလွယ်ကူတာသေချာပါတယ်ဗျာ
မော်ဒန်ကဗျာရေးတာ ရည်းစားစာရေးတာလောက်မှ အားမစိုက်ရတာ....။

နည်းနည်းလောက်လမ်းဖယ်ပေးကြစမ်းပါ
ခဏခဏမတော်တဆထိခိုက်မှုတွေကြောင်
ပြန်ပြန်ကောင်းသွားခဲ့သော ငါ့ရင်ဘတ်ထဲက
အမာရွတ်တစ်ချို့ရဲ့ အက်ကြောင်းများ...။

စကားလုံးအသစ်တွေ မရှာဖွေနိုင်တာတစ်ခုထက်ပိုပြီး
ငါ့ကဗျာတွေ ကာရန်မထပ်စေဖို့
ငါသတိအမြဲရှိနေပါတယ်....။

Saturday, September 24, 2011

♣ ကဗျာဆရာဟောာကြားသွားသော တရားဦးဓမ္မများသို့....




ဖျစ်
ညှစ်

ထုတ်ချပြီး
ဖွင့်ဟနေတာတောင်
ထွက်ကျမလာတော့တဲ့
ငါ့အလွမ်းတွေကို
ကဗျာလာရေးခိုင်းနေရဲသေးတယ်နော်........

အသုဘအခန်းအနားပြင်ဆင်စရိတ်ထက်
သေတစ်နေ့ မွေးတစ်နေ့က အရေးပါပါတယ်
ရွှေထီးးတော့ ငါလည်းမဆောင်းထိုက်သေးဘူး

အာဖဂန်နစ်စတန်လည်းငါမသိချင်ဘူး
အိုဘာမားလည်း စိတ်မ၀င်စားဘူး
လောလောဆယ်တော့
စစ်နဲ့ငြိမ်းချမ်းရေး အလိုက်ပေးလည်းမယ်

ပြောနေကြတာတော့ ပြောနေကြတာပါပဲ
လုပ်နေကြတာလည်း လုပ်နေတာတွေပဲရှိမှာပါ
ဒီထက်မက ဆိုတာတွေကတော့.........
လိုချင်တက်မက်မှု လောဘသားတွေကပဲ တောင့်တကြောင့်ကြပူပန်နေကြရတဲ့
အလုပ်ကြီးတစ်ခုရယ်ပါ

မဖြစ်သေးပါဘူး
ငါလည်း အိမ်ပြန်လို့
ရောက်ရာအရပ် ကျရာဒေသမှာပဲ
အမေ့သား တော်သလိုနေပါရစေ

ခေတ်ဆိုတာလည်း
နောက်ပြန်ပြေးတွေးဆွေးနေရမယ့်
သမိုင်းတစ်လက် မဟုတ်တော့ပါ့ဘူး
ဘာပဲဖြစ်ဖြစ် ရှေ့ကလူတွေကို အတုမယူသင့်ပါဘူး
လေးစားတာ မလေးစာတာ ခင်ဗျားတို့ ကျနော်တို့ အပိုင်းပေါ့

မှော်ဆရာရဲ့လက်ထဲကသေနတ်
က ကျည်ဆန်မပါဘူးနော်
သူ့ရဲ့ပြကွက်တိုင်း ပဉ္စလက်ဆန်နေပေမယ့်
စာရေးဆရာနဲ့ စကားလုံးတွေ
ယှဉ်တိုကခိုက်ကြမယ်ဆိုရင်
ဘယ်သူ့ဘက်ကနေ လောင်းကြေးထပ်ပေးမလဲ?

လက်နက်ချ အဖမ်းခံတာ

လူညံ့တွေ လုပ်ကြတာပါ
အကြမ်းမဖက်သော မှုခင်းမှန်သမျှ
မတရားမှုလို့ ဘယ်ဥပဒေပုဒ်မ ကမှ မသတ်မှတ်ကြစေရဘူး

ကိုယ်ပိုင်မဟုတ်သော တီထွင်ဖန်တီးမှုမှန်သမျှ

ဈေးမကြီးစေရဘူး
ဘာပဲဖြစ်ဖြစ် လောကဟာ
ငွေမရှိလူတန်းစား အများစုအတွက်
အများကြီးနှိမ့်ချ ရိုသေပေးနေပါတယ်

ရောက်တုန်းရောက်ခိုက် ၀င်လည်သွားပါဦးလားဗျ?

ကျနော့် ရဲ့ အသစ်ကမ္ဘာဟာ
သောက်စရာရေ မရှိတာကလွဲလို့
အရာအားလုံး ပြီးပြည့်စုံ နေအောင်
nothing by perfecting ဖြစ်နေသော
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်ဘုံတစ်ခုစာပါဟု.....................။




Friday, September 23, 2011

♣ Not for along times,......................



ဧရာဝတီကို သွန်မှောက်ပစ်လိုက်ပါ
ပင်လယ်ရေ ဘယ်သူသောက်သောက် မကုန်နိုင်ဘူးဆို
ဂေဟစနစ်ရဲ့ ပျက်သုဉ်းနမှု တရားခံက
ဘယ်သူလဲ?
ကမ္ဘာကြီးကို ကယ်တင်ဖို့ မကြိုးစားပါနဲ့
ဖြစ်ချိန်တန်လို့လည်း အရာရာကို ဖြစ်ပေးခဲ့ပြီးပြီ
သားကောင်တွေကို ချမနင်းခဲ့ရင်လည်း
လူသားတွေ တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ပြောကြလိမ့်ဦးမယ်နော်
အမေကျော် ဒွေးတော်လွမ်းနေခြင်းကတော့
ပေးဆပ်သူတွေ အတွက်ခံရခက်ခက်ပါပဲ
ကျနော်လည်းမကြောက်တတ်ခဲ့တော့ဘူး
ခင်ဗျားတို့အားလုံးရဲ့သွေးတွေရဲကြပါစေ

ဘယ်သူတွေဘာပဲပြောပြော
ကမ္ဘာကြီးကတော့ ကျနော်လိုပဲ
လုပ်စရာရှိတာ လုပ်ပေးခဲ့ပြီးပြီ
ပေးစရာရှိတာပေးခဲ့ပြီးပြီင်္
ယူစရာရှိတာ ယူခဲ့ပြီးပြီ
ဘာမှထပ် မကျန်တော့ဘူးထင်ပါတယ်......။


မှတ်ချက် ။ ။ save our earth ကို သရော်စာဆန်ဆန် မော်ဒန်ကဗျာ ရေးဖွဲ့ပါသည်
သာယာလှပသော ကမ္ဘာမြေလောကကို အနာဂတ်မှာ လူသားတိုင်းတာဝန်ရှိစွာ 
 ပုံဖော်ထုဆစ်နိုင်ပါစေကြောင်း....။





Thursday, September 22, 2011

♣ ဓားတစ်လက်လောက် အားပဲငါ့ကိုပေးကြစမ်းပါ....



အတိတ်ကို ခဏထားခဲ့မယ်
ပစ္စုပ္ပန်အတွက် အနာဂတ်ဖိနပ်တစ်ရံငါစီးပြီး
ခရီးထွက်ခဲ့တယ်
ဘာလက်နက်မှ မယူခဲ့ချင်ပါဘူး
မေတ္တာက လွဲလို့ပေါ့

တေလေတစ်ယောက်ရဲ့
gipsy ဆန်ဆန်ညနေတွေအကြောင်းတော့
ငါမပြောပြခဲ့တော့ပါဘူး
ငါ့ အိမ်အပြန်ကို အမေလည်း မျှော်နေလောက်ရော့ပေါ့

နေ့ရက် နာရီ ပြက္ခဒိန် အချိန်တွေက
သံသရာဆန်ဆန်လှည့်ပတ်နေကြတယ်
ကျင်လည်နေရသော လောကက ပိုသိပါလိမ့်မယ်

ရိုမန်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေကို
ငါမခံစားတတ်တော့ဘူး
titanic နဲ့ ရိုမီရို ဂျူးလိယက်ကတော့
အင်မတန်သနားစဖွယ် ကောင်းနေမှာပါ
ငါလည်း ချစ်တတ်ခဲ့တာပဲလေ

ဘာပဲဖြစ်ဖြစ်ငါ တွေဝေမနေတတ်ခဲ့တော့ဘူး
နည်းနည်းစဉ်းစားတတ်လာတယ်
များများပြောဖို့ ခက်ခဲလာခဲ့တယ်
ဘ၀ကပေးလိုက်တဲ့ ပညာတွေကို
ငါတန်ဖိုးမထားတတ်ခဲ့ဘူး

ဘာပဲဖြစ်ဖြစ် အားတစ်ခုလောက်တော့
ငါလိုချင်မိတယ်
အရာအားလုံးကိုဖောက်ထွင်းနိုင်လောက်တဲ့
စွမ်းအင်မျိုးတော့ မဟုတ်ပါဘူး....။

မှတ်ချက်။ ။ tags = မော်ဒန်ကဗျာ
လက်တန်းရေးရာ ကျနော့်မှာ ရေးရင်းနှင့်ပင် စက်ချို့ယွင်းမှု ခဏတာမှာ
ကာရန်များ နည်းနည်း ပြောင်းလဲသွားခဲ့ရပါကြောင်း....။



Tuesday, September 20, 2011

♦ ချစ်ခြင်းကမ္ဘာ နဲ့ ငါ့ဗျူဟာ....



အစကတည်းက ပြောထားခဲ့ပြီးသားနော်

မကြိုက်ရင်လည်း မလိုက်ခဲ့ကြနဲ့ပေါ့

နည်းလမ်းကို သိစရာမလိုပါဘူး
စည်းကမ်းတော့ရှိပေးကြပါ
ဗျူဟာကိုတော့ ခုချိန်မှာ ငါ သိပ်အသုံးမချချင်သေးဘူး

ဘာမှမရှိသလောက်ကို ပြီးပြည့်စုံနေတာကတော့
ငါ့ ကမ္ဘာပဲ

ဖြစ်ချင်တာလည်းလုပ်မယ်
မဖြစ်ချင်တာလည်း လုပ်မယ်ဗျာ
ဘာဖြစ်ဦးမလဲ?
ငါလုပ်ချင်တာကို လုပ်နေတာမဟုတ်တဲ့အတွက်
အတ္တကင်းတယ်လို့ ငါခံစားရတယ်


မလိုရင် တမာ ချိုရင်သကာတော့လာမလုပ်နဲ့
ဘ၀ဟာ ငါ့အတွက်တော့ ပြင်းရှရှကော်ဖီတစ်ခွက်ထက် စူးရှလေးနက်ချင်တယ်

အဆုံးသတ်ကို မျှော်နေတာလည်းမဟုတ်ဘူး
အရှုံးအမြတ်ကို တော်ရုံငါလည်း မတွက်ချက်ခဲ့ဘူး

ပြောတတ်လို့ ပြောနေတာလည်းမဟုတ်ဘူး
မပြောမပြီးလို့ မတီးပဲမြည်စေချင်နေတာပါ

ဟုတ်တယ်မဟုတ်ဘူးဆိုတာထက်
အမှန်တရားက အရေးကြီးနေလို့လား?

သိပ္ပံဆန်ဆန် လက်တွေ့ ကျတာဟာ
စိတ်ကူးယဉ်ဆန်တာလို့ ပြောလို့တော့မရသေးပါဘူး
ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် တွက်ကိန်းတစ်ခုစီတော့ပေးပြီး
အဖြေရှာခိုင်းသင့်တာပဲလေ?

စိတ်ချပါ အားလုံးကိုတော့
ကျနော်လည်း မသိမ်းပိုက်ချင်ပါဘူး
ဒါပေမယ့် ကျနော့်ဧရိယာကို ၀င်လာသူမှန်သမျှ
ကျနော့်တန်ခိုးအောက်မှာ ပြာဖြစ်သွားစေရလောက်အောင်ပဲ
ငါရက်စက်ကြည့်ချင်တယ်


အလင်းရောင်ကိုငါရှာနေခဲ့တာမဟုတ်ပါဘူး
အမှောင်ရဲ့ စွမ်းအားကပိုကြီးမားတယ်ဆိုတာကို ငါပိုသိချင်လာတာ

မိန်းမတစ်ယောက်ရဲ့ အလှကောက်ကြောင်းကို
လီယိုနာဒိုဒါဗင်ချီလို အသက်သွင်းပြီး
ငါပန်းချီဆွဲထားခဲ့ချင်ရုံသက်သက်ပါပဲ
ဒီထက်ပိုပြီး ငါမရေးဖွဲ့ တတ်တော့ပါဘူး


အရုဏ်ဦးလည်း မနီးကပ်ခဲ့သေးဘူး
ငြိမ်းချမ်းခြင်းပန်းတို့ မပွင့်ခဲ့သေးဘူး
ငါ့ ညတွေလည်း တိတ်ဆိတ်နေခဲ့တုန်းပဲ
မနက်ဖြန်တိုင်းအတွက် ငါ့အားသစ်တွေဟာ
မော်ဒန်ကဗျာများကို ပွေ့ ဖက်နမ်းရှိုက်ခြင်းပဲ........။ 





Monday, September 19, 2011

♣ ငါဟာ....

http://api.ning.com/files/bWRho8-P3U84xE5tPRgdlXrviKxGwWLEYir6XCGoHu2xn0M9QiaBcZ3F6Fn*FLfr51V3fjwf*XeeEzFOymJjFYLd2eGNCtKv/ng.jpg



♣ ယုန်နှင့်လိပ် ဒုတိယပုံပြင် ( သင်ရိုးသစ် မာတိကာ ) အကြောင်း





အသစ်အသစ်တွေ ထပ်နေပေမယ့်
အချစ်မဖြစ်တော့တဲ့ ငါ့ကဗျာတွေကြောင့်
ငါအတော် ငြီးငွေ့ လှပါပြီ

မပြည့်တဲ့ အိုးကိုဖြည့်နေတာမဟုတ်ပါဘူး
ပြည့်နေတာကို မဖြည့်ပဲထားလိုက်ခဲ့တာပါ

အောင်ပွဲအတွက် နောက်ဆုံးတစ်ကြိမ်အခွင့်အရေးဆိုတာလည်း
ငါ့ကို လာမပေးကြနဲ့ ဘာမှ ငါမလိုချင်ဘူး

မတူညီတာတစ်ခုကို လာညှိနှိုင်းမနေကြစမ်းနဲ့
တရားတစ်ခု ရလာတာပဲ အဖတ်တင်လိမ့်မယ်

အခက်အခဲနဲ့ အတားအဆီးကြောင့်လှပတဲ့ဘ၀ကိုပဲ
ငါလိုချင်တာ
ငါ့အတွက်တော့ လမ်းကြမ်းလေ
ဘ၀အတွက်ခွန်အားဖြစ်လေပဲ
မုန်တိုင်းအားလုံးပြီးဆုံးသွားရင်
လေပြည်လေညှင်းကိုလည်း အလှည့်ပေးလိုက်ကြစမ်းပါ

ဒီတစ်ဘ၀အတွက် အရေးကြီးဆုံးက
စိတ်ဓာတ်ဆိုတာပါပဲ
ကျန်တာဘာမှ ထည့်မတွက်ခဲ့ပါဘူး

တဖြည်းဖြည်းတော့ ငါရင့်ကျက်ခဲ့ပါပြီ
ဒါပေမယ့် မတည်ငြိမ်ခဲ့သေးဘူး

ကျနော့်ကိုနားမလည်ကြရင်တောင်
လူသားအားလုံးကို စာနာနိုင်ဖို့ပဲ
ကျနော့်စိတ်ထဲရှိနေတာပါ
ဒီထက်ဘာမှ မပိုချင်တော့ဘူးဗျာ....။





Welcome from my free blog sites link
and ( online ) members for alls,
Okay and thank for friends.
I have friendship for all friends.

♦ kzh1980@gmail.com
kaungzawhtet>yangon>myanmar.


http://www.kokaungzawhtet.wordpress.com/
http://www.kokaungzawhtet.blogspot.com/
http://www.kzhyangon.webs.com




Sunday, September 18, 2011




''မတူညီသော ...အလယ်ဗဟို''
မာယာပုံရိပ်ရဲ့...
အမှန်တရားကတော့...
အမှန်တရားရဲ့...
မာယာပုံရိပ်ပါပဲ...။ တို့သိထားတာက... နေက...ကမ္ဘာကို...၀င်လိုက်ထွက်လိုက်နဲ့... ပတ်နေတာ... အမှန်တရားက... နေကိုဗဟိုပြုပြီး...ကမ္ဘာကြီးက...ပတ်နေတာ...။
အနန္တစကြ၀ဠာမှာ...
လူသားတိုင်း...ထင်နေကြတာက... လူဟာ... အနန္တစကြ၀ဠာ...ရဲ့... အလယ်ဗဟိုမှာ...တည်နေတယိလို့... မိမိကိုယ်ကိုယ်...အလယ်ဗဟိုမှာအဓိကထားပြီး... အရာရာကို...သင်ယူ...ဆုံးဖြတ်ကြတယ်...။
ကိုယ်မသိတာ...တစ်ခုက...
စစ်မှန်တဲ့...အလယ်ဗဟိုဆိုတာ... ဘာကို...ခေါ်တာလဲ... ဒါကြောင့်...လောကကို...သုံးသပ်တဲ့နေရာမှာ... ဆုံးဖြတ်ချက် '' အလယ်ဗဟို''ချင်း ကွာသလို... ရှုထောင့်ခြင်းလဲ...ကွာကြတယ်...။ ကိုယ့်ရှုထောင့်ကပဲ...ကိုယ်ကြည့်ရင်... အခြားလူကြည့်တဲ့...ရှုထောင့်ကို...မမြင်နိုင်ဘူး... လူသားချင်းအတူတူ... တစ်ကမ္ဘာတည်း...နေထိုင်ကြတာချင်းအတူတူ... မိုးသားတစ်ခုထဲ...အောက်မှာအတူတူ... ချိုမြတဲ့...သစ်သိးတစ်လုံးကို... စားတာခြင်း...အတူတူတောင်မှ... ခံစားမှုချင်း...ကွာခြားကြတယ်...။ လမင်းပေါ်က...ယုန်ကလေးဟာ... နေရဲ့အလင်းရောင်ကလွဲလို့... လရဲ့အလင်းရောင်ကို... ဘယ်တော့မှ... မြင်ရမှာ...မဟုတ်ဘူး... တကယ်တော့... ''လ'' ရဲ့အလင်းရောင်ဆိုတာ... တကယ်မရှိတဲ့အရာ...။ နေအလင်းရောင်ရဲ့...ရောင်ပြန်ဟပ်မှုပဲရှိတာ... ဒါပေမယ့်... လရောင်ခြည်လို့...လူသားတွေခေါ်နေကြဆဲ... နေရဲ့ရောင်ပြန်အလင်းရောင်ကိုသိပေမယ့်... လရောင်လို့...ခေါ်ကြဆဲပဲ...။ လူသားတွေက... တို့ အတိုးတက်ဆုံးလို့ပြောကြတယ်...။ ခွေးကလဲ... တို့အနံ့ခံအကောင်းဆုံးလို့...ပြောကြတယ်...။ ငါးတွေကလည်း... ရေထဲမှာအသက်ရှုရာမှာ...တို့အကောင်းဆုံးလို့ပြောကြတယ်...။ ငှက်တွေကလည်း... တို့ရဲ့လှုပ်ရှားမှုတည်ဆောက်ပုံ... အကောင်းဆုံးလို့ပြောကြတယ်... မိုးပေါ်မှာတောင်...ပျံသန်းလှုပ်ရှားနိုင်တယ်တဲ့... သစ်ပင်ကလဲ... တို့ဟာ...အရာင့်ရဲနိုင်ဆုံး...ရှင်သန်သူတဲ့... နေခြည်...ရေ...လေ...ရှိရင်... တို့ရှင်သန်နိုင်တယ်တဲ့...။ နောက်... ဘယ်သူအတိုးတက်ဆုံးလဲ...။ လောကမှာ...ရှိသမျှသတ္တ၀ါတွေဟာ... ရှင်သန်လှုပ်ရှားရင်းနဲ့... မျိုးဆက်မပျောတ်အောင်...ဆက်လက်ထိန်းသိမ်းဖို့... ကမ္ဘာလောကဟာ... မျိုးနွယ်တစ်မျိုးတည်း... ပတ်ဝန်းကျင်မျိုးနွယ်မရှိပဲ... ရှင်သန်ပေါက်ဖွားနိုင်တာမဟုတ်ဘူ...။ ဒါဆို... ဘာကြောင့်...မျိုးတုံးအောင်...လုပ်ကြတာလဲ...။ ဘ၀ဆိုတာ... တစ်ခုကို..တစ်ခု...အမှီသဟဲပြု...ရှင်သန်ခြင်း... သတ္တ၀ါမျိုးနွယ်တစ်ခုထဲ...ရှင်သန်လို့... ဘယ်သူ့ကိုသွား...အမှီသဟဲပြုမလဲ...။ နေ့တိုင်း...ကြားနေ...မြင်နေရတာက... လူသားတွေ... သဘာဝတရားကြီးကို... အောင်နိုင်ဖို့...ကြိုးစားကြတယ်... သဘာဝတရားကြီးကို...ဖျက်ဆီးနေကြတယ်... တစ်ခုလောက်မေးချင်တယ်... ဒီကမ္ဘာလောကကြီးဟာ... ဘယ်သူ့ကိုယ်ပိုင်...ပစ္စည်းလဲ...။ သဘာဝတရားရဲ့...ရည်ရွယ်ချက်က...
သတ္တ၀ါတိုင်း...
သဘာဝနဲ့...တစ်သားတည်းနေထိုင်ဖို့... လူသားတွေရွေးချယ်တာက... လူ့စရိုက်အတိုင်း...နေထိုင်ခြင်း... ကမ္ဘာလောကကြီးမှာ... မိမိကိုယ်ကိုယ် '' အလယ်ဗဟို '' ထားပြီး... ရှင်သန်နေထိုင်ခြင်း...။ မတူညီတဲ့ '' အလယ်ဗဟို '' ပေးခဲ့ရတဲ့...အသက်တွေ... ကျခဲ့ရတဲ့... မျက်ရည်နဲ့...သွေးစက်တွေ... ပျက်စီးသွားတဲ့...ဘ၀တွေ... များခဲ့ပြီလေ...။ မတူညီတဲ့...အလယ်ဗဟိုတွေကြောင့်... ပျက်စီးသွားတဲ့...သစ်တောတွေ... ခမ်းခြောက်သွားတဲ့...မြစ်ချောင်းတွေ... ပူလောင်လာတဲ့... ကမ္ဘာမြေ... ဘယ်သူ့မှာ...တာဝန်ရှိလဲ...။ ဘယ်လိုပဲဖြစ်ဖြစ်... လူသားကတော့... ကိုယ့်ကိုကိုယ်...'' အလယ်ဗဟို '' ထားပြီး... ကြည့်နေကြဆဲ...တွေးနေကြဆဲ...လုပ်နေကြဆဲ... ကမ္ဘာကြီး...ဘာပဲဖြစ်ဖြစ်...။ ။ ♣ ဤဓမ္မစာစုများအား ရေးသားဖြန့်ဝေရခြင်းအကျိုးကျေးဇူးသည် နိဗ္ဗာန်၏အထောကအပံ့ဖြစ်စေသတည်း...။ ။

♣ kaungzawhtet>yangon> myanmar
♦kzh1980@gmail.com
  

မဆုံးနိုင်သေးသော ပုံပြင်ရှည်
ခဏတာပွက်တဲ့ ရေတစ်ပွက်ဟာ လူ့ဘ၀တဲ့လား?


ဥယျာဉ်မှူး ပန်းမပန်ရဘူးလို့ ဘယ်သူပြောနေတာလဲ?

သူကပြောနေတယ် ငါလည်း တစ်ခါတစ်ရံ အတ္တကြီးတတ်တယ်တဲ့


နားမလည်ရင် ဘာမှမလုပ်ပဲရပ်နေခြင်းဟာ အကောင်းဆုံးပဲ

အသိဆိုတာဟာ သတိတိုင်းမှာရှိနေတဲ့အရာပါ


ငါ့အဇ္ဇျတ္တထဲမှာ ဘာတွေရှိနေလဲ မသိချင်စမ်းနဲ့

ဒါဟာ ငါ့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်နဲ့နက်နဲမှုတစ်ခုပဲ။

♦kzh1980@gmail.com

kaungzawhtet>yangon>myanmar


http://www.kzhyangon.webs.com

http://www.kokaungzawhtet.wordpress.com/ 

♣ငါ့နာမည်ကို ကောင်းကင်ပေါ် ကမ္ဗည်းတင်ရေးထိုးထားခဲ့မယ်(modern post)

http://www.abstractartimages.com/wp-content/uploads/2011/08/Abstract-Wallpaper-Art.jpg
http://www.abstractartimages.com/wp-content/uploads/2011/08/Oversized-Abstract-Canvas-Art.jpg
နာမည်ကြီးချင်လို့


ဒီပြဇာတ်ကို



ငါ ခေါင်းစဉ်တပ်နေခဲ့တာမဟုတ်ပါဘူး



လူတစ်ယောက်ရဲ့



ဖြစ်စဉ်



လက်ရှိနေထိုင်မှု



သမိုင်းအကြောင်း ကိုပုံကြီးချဲ့ရေးသားခဲ့တာပါ



ပလိုင်းပေါက်နဲ့



ကောက်ခဲ့တဲ့ ဖားတွေလည်း



ပြည့်လုပြည့်ခင်ဖြစ်နေခဲ့ပြီ



ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေခဲ့တာမဟုတ်ပါဘူး



မထူးသေးတဲ့ အချိန်မှာ



ခပ်ရူးရူးလေးပဲ ဘ၀ကို



ငါစောင့်ကြည့် သီးခံခိုင်းထားမလို့ပါ



ရိုးသားမှု ဆိုတဲ့ဂုဏ်ပုဒ်ကိုတော့



ငါ လည်း ဘာဆေးရောင်မှ



ထပ်ခြယ်ပြသနေစရာလိုမယ် မထင်တော့ပါဘူး



မြင်အောင်တော့



အရာရာတိုင်းကို ကြည့်တတ်ဖို့လိုပါတယ်



ငါ့မျက်လုံးတွေကို



ငါဖောက်ထုတ်ပစ်လိုက်တဲ့အတိုင်းအတာအထိ



ငါ့အနုပညာကို



ငါချစ်နေခဲ့တာလေ



တန်ပြန်သက်ရောက်မှု



နိယာမအကြောင်း ငါ့ကို



လာမပြောကြပါနဲ့



သီအိုရီ တွေထုတ်ကြတာ



အရူးတွေရဲ့ အလုပ်တစ်ခုပါပဲ



ဘာမှမပြောတတ်ရင်



ဘာမှမပြောတာ



အကောင်းဆုံးပဲ



ဘာသာစကားကြောင့် လူသားတိုင်း



နားရှုပ်ကြရတယ်



ငါနားလည် သိတတ်သလောက်သာ



နားလည်နိုင်ကြမယ်ဆိုရင်



ငါလည်း



အခုလောက် မော်ဒန်ဆိုသော



ခေတ်ပေါ်ကဗျာတွေကို



အခုလောက် ဖန်တီး ရေးချ



ပြသနေစရာလိုမယ်မထင်တော့ပါဘူး......။



မှတ်ချက်။               ။ tag= မော်ဒန်ကဗျာ

နားလည်အောင် သေချာဖတ်ပြီးမှ comment ပေးကြပါရန် 





♦ ကောင်းမှု မြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကြိုး ကိုယ်၌တည်စေမင်း....။
( ရှင်မဟာရဌသာရ )

♣ kaungzawhtet>yangon> myanmar